Healthy Life Ad
Q & A

မီးစက်အငွေ့ကြောင့် သတိလစ်ခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)

မေး – ဟိုတနေ့က မီးစက်နှိုးပြီး စာသင်တာ အငွေ့က စာသင်ခန်းထဲ ဝင်သွားလို့ ဆရာမကော ကလေးတွေပါ သတိလစ်သွားတယ်လို့ သိရပါတယ်။ အဲဒါ ဘာကြောင့် ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ – ဒါက ကာဗွန်မိုနောက်ဆိုက်ငွေ့ အဆိပ်သင့်ခြင်း (CO Poisoning) ကြောင့်ဖြစ်တာပါ။ အလုံပိတ် အခန်းထဲမှာ လေလုံနေတယ်။ အဲဒီအချိန်မှာ မီးစက်ဖွင့်လို့ထွက်လာတဲ့ ဓာတ်ငွေ့တွေက ကာဗွန်မိုနောက်ဆိုက်ငွေ့တွေဖြစ်ပြီး ရှူမိသူတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ချိန်မှာ အောက်ဆီဂျင်နေရာ ဝင်သွားရာက အဆိပ်သင့်ပါတယ်၊ အဲဒီအခါ ခေါင်းကိုက်မယ်။ ခေါင်းမူးမယ်။ အားနည်းလာမယ်။ ဗိုက်အနေရခက်မယ်။ အန်မယ်။ အဲဒါကို ချက်ချင်းဆွဲထုတ်ပြီး အောက်ဆီဂျင် မြန်မြန်မပေးနိုင်ဘူးဆိုရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ကလေးတွေ၊ အသက်ရှူလမ်းကြောင်း အားနည်းသူတွေဆိုရင် အထူးသတိထားသင့်ပါတယ်။

ဒါကြောင့် မီးစက်ကို အလုံခန်းထဲမှာ ထားပြီး ဘယ်တော့မှ မဖွင့်ရပါဘူး။ မီးစက်ကို လေဝင်လေထွက် ရှိတဲ့ နေရာ၊ အပြင်မှာထားရပါမယ်။ ကိုယ်နေတဲ့ နေရာကို မီးစက်က ထွက်တဲ့ အငွေ့တွေ မဝင်အောင် စီစဉ်ထားသင့်ပါတယ်။ ဒါကို အသိပညာ ရှိထားသင့် ပါတယ်။

Most Popular

Healthy Life Ad
To Top