Healthy Life Ad
Q & A

အသက်ရှူလိုက်တိုင်း ကျောအောင့်ခြင်း

မေး. အသက်ရှူလိုက်ရင် ကျောက အောင့်နေလို့ပါခင်ဗျာ။ ဘယ်လိုကုသရင် သက်သာပျောက်ကင်းမယ်ဆိုတာ လမ်းညွှန်ပေးပါခင်ဗျာ။
မိုတီး (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အအေးမိတာရယ်၊ ထိခိုက်ဒဏ်ရာရတာရယ်ကြောင့် အဖြစ်များပါတယ်။ အဓိက အရေးကြီးတာက အဆုတ်ထိခိုက်မှုရှိမှာကို စိုးရိမ်ပါတယ်။ ရင်ဘတ် ဓာတ်မှန်ရိုက်ကြည့်လိုက်လို့ အဆုတ်မှာ ထိခိုက်မှုမရှိဘူးဆိုရင်၊ အလုံးအဖုအကျိတ်မရှိဘူးဆိုရင်၊ ရောင်ရမ်းမှုမရှိဘူးဆိုရင် အန္တရာယ်သိပ်မရှိပါဘူး။ လည်ပင်းတည့်တည့်ထားပြီး လည်ပင်းလေ့ကျင့်ခန်းလုပ်မယ်၊ အကိုက်အခဲပျောက်ဆေးသောက်မယ်. . ဒါဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top