Healthy Life Ad
Q & A

သွေးတိုးရှိ၊ မရှိ ဘယ်လိုသိ . . .

မေး. ဆေးခန်းမရှိတဲ့နေရာမျိုးဆိုရင် သွေးတိုး ရှိ၊ မရှိ ဘယ်လိုသိနိုင်ပါသလဲဆရာ။
Shwe Leinza(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုး ရှိ၊ မရှိဆိုတာ သွေးပေါင်ချိန်ရုံမှတစ်ပါး မသိနိုင်ပါ။ ဆရာရဲ့ ဘွဲ့လွန်အတွက် တင်သွင်းတဲ့ကျမ်းက သွေးတိုးရောဂါဆိုင်ရာ စာတမ်းဖြစ်တဲ့အတွက် ဆရာ့လူနာတွေရဲ့ တစ်ဝက်နီးပါး (၅၀ ရာခိုင်နှုန်းလောက်)မှာ သွေးတိုးတဲ့ လက္ခဏာတွေကို ခံစားရတယ်လို့ပြောပါတယ်။ အဲဒါ့တွေကတော့ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်၊ ဇက်ကြောထိုးတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ပြန်ပြောရရင် ဒီလက္ခဏာတွေကို တကယ်သွေးတိုးနေသူနှစ်ယောက်မှာ တစ်ယောက်လောက်ပဲ တွေ့ရပါတယ်။ သွေးတိုးတယ်၊ မတိုးဘူးဆိုတာ သိချင်ရင် သွေးပေါင်ချိန်မှသာ သိနိုင်ပါတယ်။ ကိုယ့်မှာ သွေးတိုးမျိုးရိုးရှိတယ်၊ သွေးတိုးတဲ့ လက္ခဏာလေးတွေ ခံစားနေရတယ်၊ လူကဝနေတယ်ဆိုရင် ကိုယ့်အိမ်က မိသားစုဝင်တွေကို သွေးပေါင်ချိန်နည်း သင်ခိုင်းပြီးတော့ စမ်းသပ်စစ်ဆေးတာ ပိုကောင်းပါတယ်။ အခုနောက်ပိုင်းမှာ နားကြပ်မလိုတော့တဲ့ ဒစ်ဂျစ်တယ်သွေးပေါင်ချိန်စက်လေးတွေ ရှိနေပြီဖြစ်တဲ့အတွက် သွေးတိုးနိုင်ခြေများတဲ့သူတွေက အဲဒီလို သွေးပေါင်ချိန်တဲ့စက်လေးတွေ ဝယ်ယူပြီး ချိန်သင့်တယ်လို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top