Healthy Life Ad
Q & A

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးတဲ့နေရာ နာတဲ့အခါ . . .

မေး ။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးတဲ့နေရာမှာ ရေခဲကပ်ပေးလို့ရပါလားရှင်။
HHWai (Fb)

မေး ။ ဒီနေ့ ကွန်မသားလေးကျောင်းမှာ ကာကွယ်ဆေးထိုးပါတယ်။ အခုဆေးထိုးထားတဲ့ နေရာတစ်ဝိုက်မာပြီး နာနေတယ်။ နောက်လက်တစ်ဖက်ကလည်း နာနေတယ်။ ဆေးထိုးထားတဲ့ ညာဘက်လက်နေရာကို အထိမခံနိုင်ဖြစ်နေပါတယ်။ သက်သာအောင်ဘာလုပ်ပေးရမလဲဆိုတာ လမ်းညွှန်ပေးပါရှင့်။
Toy Story (Fb)

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ဘယ်ကာကွယ်ဆေးမဆို ထိုးပြီးရင် နောက်ဆက်တွဲဖျားတာ၊ လက်မောင်းကိုက်ခဲနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အကိုက်အခဲပျောက်ဆေးကို ကလေးအသက်အရွယ်အလိုက် ချိန်ဆပြီး တိုက်ကျွေးတာ၊ နာတဲ့ လက်မှာ ရေအေးဝတ်ကပ်ပေးတာတို့ ပြုလုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top