Healthy Life Ad
Q & A

ဗိုက်ထဲ တုတ်စ၊ ဆံပင်မွှေး မတော်တဆရောက်သွားလျှင်

မေး. လည်ချောင်းထဲကို တုတ်စတို့၊ ဆံပင်မွှေးတို့ မတော်မဆ အစာထဲကနေ ဗိုက်ထဲရောက်သွားရင် အန္တရာယ်ဖြစ်စေနိုင်သလား သိချင်လို့ပါဗျ။
ဝေယံ (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အစာခြေလမ်းကြောင်းထဲ ဖြတ်သွားတဲ့အခါမှာ တုတ်စက အခန့်မသင့်ရင် ပွန်းပဲ့အနာဖြစ်တတ်ပါတယ်။ ပြောရရင် တုတ်စက အရွယ်အစားပေါ်မှာ မူတည်ပါတယ်။ သေးတဲ့တုတ်စဆိုရင် အစာအိမ်ထဲမှာ အစာခြေရည်နဲ့ထိပြီး ပျော့သွားနိုင်ပါတယ်။ ဆံပင်ကတော့ အူလမ်းကြောင်းတစ်လျှောက်ပါသွားပြီးတော့ ဝမ်းသွားတဲ့အခါ ပါသွားနိုင်ပါတယ်။ ဆံပင်က ဒုက္ခပေးစရာ သိပ်မရှိပါဘူး။ တုတ်ကတော့ ကြီးရင် ဘေးနံရံပွန်းပဲ့ထိခိုက်မှု ဖြစ်နိုင်ပါတယ်။ အစာအိမ်က လွန်တဲ့အခါ အူသိမ်မှာထောက်ပြီး ပြည်တည်နာ ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top