Healthy Life Ad
Q & A

ပဒူကောင်အကိုက်ခံရတဲ့အခါ . . .

မေး ။ ပဒူကောင်အကိုက်ခံလိုက်ရတဲ့အခါ ဘယ်လိုအချက်တွေကို လိုက်နာသင့်တယ်ဆိုတာ သိပါရစေဆရာ။
ဦးဝင်း၊ တာမွေ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည်။

ဖြေ ။ လူတွေအနေနဲ့ မြွေကိုက်ခံရတာပဲဖြစ်ဖြစ်၊ ပဒူကောင်ကိုက်ခံရတာပဲဖြစ်ဖြစ် အကိုက်ခံရပြီးချိန်မှာ လမ်းမလျှောက်ရပါဘူး။ ငြိမ်ငြိမ်လေး နေပေးရပါတယ်။ လမ်းလျှောက်လိုက်တယ်၊ လှုပ်ရှားလိုက်တယ် ဆိုရင် သွေးတွေက ကိုယ်ထဲမှာ လှည့်ပတ်သွားပြီးအဆိပ်တွေက ပျံ့သွားတတ်ပါတယ်။

ပဒူကောင်အကိုက်ခံရတဲ့အခါမှာလည်း ချက်ချင်း ကုသမှု (Treatment) ရတယ်ဆိုရင် သက်သာသွားပါတယ်။ ကုသမှုက ချက်ချင်းမရဘဲ တစ်ကိုယ်လုံး ပြန့်နှံ့ပြီးမှ ဆေးရုံကို ရောက်လာတယ်ဆိုရင် အခြေအနေ ဆိုးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top