Healthy Life Ad
Q & A

မယ်လမင်းခွက်တွေထဲ ပူနွေးတဲ့အစားအသောက် ထည့်စားရင် . . .

မေး။ ။ မယ်လမင်းခွက်တွေ၊ ပန်းကန်တွေထဲ ပူနွေးတဲ့ အစားအသောက်တွေ ထည့်စားရင် ဘာဖြစ်နိုင်ပါသ လဲရှင့်။ အာဟာရတန်ဖိုး လျော့တာလား၊ ကျန်းမာရေး ထိခိုက်တတ်သလား။
မနွယ်နီ၊ မန္တလေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အဓိကကတော့ မယ်လမင်းခွက်တွေထဲ ပူနွေးတဲ့ အစားအသောက်ထည့်စားတာကသိပ်ပြီး ထိခိုက်မှု မဖြစ်စေပါဘူး။ အဓိကကတော့ မယ်လမင်းခွက်တွေကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်တာ။ အဲဒီလိုထည့်တဲ့အခါ မိုက်ခရိုဝေ့ဖ်မီးဖိုထဲက ထွက်လာတဲ့ အပူငွေ့တွေနဲ့ မယ်လမင်းခွက်မှာပါတဲ့ ပလတ်စတစ်ဓာတ် ဓာတ်ပြုသွားလို့ဖြစ်ရတာပါ။ အဲဒီလို ဖြစ်သွားတဲ့အတွက် ရေရှည်စားသောက်တဲ့သူတွေ ကျန်းမာရေး ထိခိုက်တယ်လို့ပြောတာပါ။ ဒီအတိုင်း မယ်လမင်းခွက်ထဲ အစာထည့်တာက ဘာမှမဖြစ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top