Healthy Life Ad
International

ဆီးအိတ်ကင်ဆာကြောင့် တစ်ပတ်ကြာ လိင်တံတောင့်တင်းနေတဲ့ ထိုင်ဝမ်အမျိုးသား

၊ မိုးမင်းထွန်း ၊

အသက် ၅၂ နှစ်အရွယ် ထိုင်ဝမ်အမျိုးသား တစ်ယောက်ဟာ လိင်စိတ်ဆန္ဒကြောင့်မဟုတ်ဘဲ မကြာခဏ လိင်တံတောင့်တင်းနေခဲ့ပြီး ပေါက်ကွဲသွားမလားထင်ရအောင် မခံမရပ်နိုင်အောင် နာကျင်လာခဲ့ပါတယ်။ အချိန်တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးနောက် အဆိုပါအမျိုးသားဟာ ဆေးရုံသို့ သွားရောက်ပြသခဲ့ပါတယ်။

စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် အမျိုးသားမှာဆီးအိတ်ကင်ဆာဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ကင်ဆာက အတော်ပျံ့နှံ့နေပြီး လိင်အင်္ဂါမှ သွေးကြောတွေပျက်စီးနေတာကြောင့် ဆရာဝန်တွေက လိင်တံအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ကုသခဲ့ကြပါတယ်။ ခွဲစိတ်ပြီးနောက် အမျိုးသားဟာ နာလန်ထသက်သာနေပြီး ပြန်လည်ကြံ့ခိုင်လာတဲ့အခါ ကင်ဆာဆေးသွင်းကုသပေးဖို့စီစဉ်နေကြောင်းသိရပါတယ်။ အချိန် ၄ နာရီထက်ကျော်ပြီး လိင်တံတောင့်တင်းနေတာကို priapism လို့ ဆေးပညာအရခေါ်ပြီး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြပါတယ်။ priapism ကလိင်စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်တာမျိုးမဟုတ်ဘဲ သွေးမလည်ပတ်တဲ့ အခြေအနေနဲ့ ကင်ဆာရောဂါအမျိုးအစားတချို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။ လိင်အင်္ဂါဟာ မာကျောတောင့်တင်းနေတတ်ပြီး ပုံမှန်အားဖြင့် လိင်တံထိပ်ဖျားပိုင်း ပျော့ပျောင်းနေတတ်ကာ လိင်တံနာကျင်တတ်ကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top