Healthy Life Ad
International

မျက်နှာပေါ်မှ ၄ လက်မအရွယ် မွေးရာပါအမှတ်ရှိ အမျိုးသမီးက ကွဲပြားခြားနားမှုကို လက်ခံတတ်ဖို့ ဘဝတူများကို အားပေးခဲ့

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၀ အရွယ်ကလေးနှစ်ယောက်အမေ ဖာရင်ရွိုင်းဟာ အသက် ၉ နှစ်အရွယ်ရောက်မှ မျက်နှာမှာ သူများနဲ့မတူတဲ့ မွေးရာပါအမှတ်ရှိနေကြောင်း စတင်သတိထားမိခဲ့ပါတယ်။ အတန်းဖော်တွေက သူ့သွင်ပြင်နဲ့ပတ်သတ်ပြီး ပုံမှန်ဖြစ်သွားကြပေမယ့် အပြင်ထွက်တဲ့အခါတိုင်း လမ်းသွားလမ်းလာတွေက တအံ့တသြအကြည့်ခံနေ ခဲ့ရပါတယ်။


တချို့က ဆေးခြယ်ထားသလားလို့ မေးတတ်ကြပြီး တချို့က ကိုင်တောင်ကြည့်ကြပါတယ်။ ဒီလိုတုံ့ပြန်မှုတွေကြောင့် စိတ်မသက်မသာ အမြဲခံစားနေခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရွိုင်းဟာ ရှက်ရွံ့သိမ်ငယ်စိတ်ကို ကျော်လွှားအနိုင်ယူနိုင်ခဲ့ပါတယ်။ မွေးရာပါအမှတ်ဟာ ချို့ယွင်းချက်တစ်ခုမဟုတ်ဘဲ ထူးခြားမှုတစ်ခုအဖြစ် အရှိကို အရှိအတိုင်းလက်ခံ လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ မွေးရာပါအမှတ်ကို မိတ် ကပ်နဲ့ဖုံးအုပ်ဖို့ဘယ်တော့မှ မကြိုးစားကြောင်းနဲ့ တခြားသူတွေရဲ့ တုံ့ပြန်မှုတွေအတွက်လည်း ခံစားရခြင်းမရှိတော့ကြောင်းဆိုပါတယ်။ ကိုယ့်ရဲ့ထူးခြားမှုကို လက်ခံလိုက်ပြီးတဲ့နောက် အမှတ်နဲ့ပတ်သက်တဲ့ စပ်စုတဲ့မေးခွန်းတွေဖြေဖို့တောင် လိုလိုလားလားဖြစ်လာခဲ့တယ်လို့ ရွိုင်းက ပြောပါတယ်။


တခြားသူတွေရဲ့ အချစ်ခံဖို့ရှာဖွေနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ အာရုံစိုက်သင့်ကြောင်းနဲ့ ကိုယ်ဘယ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ်လက်ခံနိုင်လာတဲ့အခါ တခြားသူတွေကလည်း သင့်ကိုလက်ခံလာ ကြမှာ မလွဲပါလို့ စိတ်ကျန်းမာရေးအကြံပေးလည်း ဖြစ်တဲ့ ရွိုင်းက အရှိကိုအရှိအတိုင်းလက်ခံတတ်ဖို့ အရေးကြီးပုံကို တခြားသူတွေကို တိုက်တွန်းအား ပေးခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top