Healthy Life Ad
International

တရုတ်တိုင်းရင်းဆေးအချို့က အသည်းကင်ဆာဖြစ်ပွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

၊ မိုးမင်းထွန်း ၊

တရုတ်တိုင်းရင်းဆေးတွေစားတာက အသည်းကင်ဆာအန္တရာယ် ရှိနိုင်ကြောင်း စင်ကာပူသိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ သုတေသနအသစ်က တွေ့ရှိခဲ့ပါတယ်။

တိုင်းရင်းဆေးမှာ အသုံးပြုလေ့ရှိတဲ့ birthwort လို့လည်းအမည်တွင်တဲ့ Aristolochia မျိုးရင်းအပင် မြန်မာအခေါ် ဣဿရမူလီပင်မှာ ပါရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ aristolochic acids (AA) ရဲ့အန္တရာယ်ကို ပညာရှင်တွေက သတိပေးထားပါတယ်။ အာရှဒေသမှာ ဒီအပင်ကို ဆေးအဖြစ် အများအပြားအသုံးပြုနေပြီး အသည်းအကျိတ်တွေရဲ့ ၇၈ရာခိုင်နှုန်းအထိဟာ အပင်မှာပါတဲ့ AA နဲ့ထိတွေ့တာကြောင့် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်များစွာကတည်းက ပြုလုပ်တဲ့ သုတေသနတွေအရ AA ဟာ လူတွေကိုထိခိုက်စေတာကြောင့် အမေရိကန်၊ ဗြိတိန်စတဲ့ ဥရောပ နဲ့မြောက်အမေရိကနိုင်ငံတွေမှာ အသုံးပြုခွင့်ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

သုတေသီတွေက ထိုင်ဝမ်၊ တရုတ်၊ ဗီယက်နမ်နဲ့ အရှေ့ တောင်အာရှနိုင်ငံတချို့မှ အသည်းကင်ဆာနမူနာတွေကို စစ်ဆေးခဲ့ကြပါတယ်။ ထိုင်ဝမ်မှ ရောဂါ ၉၈ ခုရဲ့ ၇၈ ရာခိုင် နှုန်း၊ တရုတ်မှ ၈၉ ခုမှာ ၄၇ ရာခိုင်နှုန်းနှင့် ဗီယက်နမ်မှ ရောဂါ ၂၉ မှာ ၁၉ ရာ ခိုင်နှုန်းအထိဟာ AA ဓာတ်နဲ့ထိတွေ့တာကြောင့် ဖြစ်ပွားတဲ့ လက္ခဏာတွေတွေ့ခဲ့ရပါတယ်။ ကလေးမွေးချိန်အတွင်း ကပ်ပါးပိုးမွှား ကာကွယ်ဖို့၊ အနာကျက်ဖို့နဲ့ အိပ်မပျော်ရောဂါတွေကုတဲ့ တရုတ်တိုင်းရင်းဆေးတချို့မှာ AA ဓာတ်ပါဝင်နေကြောင်းလည်း သိရှိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top