Healthy Life Ad
Life Style

အမျိုးသမီး မျိုးပွားလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ (Cancers of Women Reproductive system)

၊ ဒေါက်တာတင့်ဆွေ ၊

– Endometrial Cancer သားအိမ်ကင်ဆာက မျိုးပွားလမ်းဖြစ်တာထဲမှာ အများဆုံးဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာလိုက်တယ်။ စောစောသိရင်ကုလို့ရတာကို ပြနေတာဖြစ်တယ်။ အသက် ၆၀ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen Replacement ဟော်မုန်းဆေးပါပေးရင် ပြန်ဖြစ်နှုန်းနည်းတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်းကျိုးဆက်တွေကို အသေအချာလေ့လာရတယ်။ နှလုံးရောဂါ၊ နှလုံးအတက်ခ်ရတာ၊ ဆထုပ်ခ်ရတာနဲ့ ရင်သားကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နည်းနည်းနဲ့ ရက်တိုတိုသာ ပေးဖို့လုပ်လာတယ်။ လူနေမှုအဆင့်အတန်းမြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမည်းအမျိုးသမီးတွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆပိုဖြစ်တယ်။

– Ovarian cancer မျိုးဥအိမ်ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅၀ ကျော်မှ အဖြစ်များတယ်။ မိသားစုထဲမှာ တစ်ယောက်မက ဖြစ်တယ်။

– Cervical cancer သားအိမ်ဝကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာနဲ့ တခုခုဆင်းတာတွေမှာ သားအိမ်ကင်ဆာနဲ့တူတယ်။ သားအိမ်အဝမှာဖြစ်ရင် ယောကျာ်းနဲ့ ဆက်ဆံအပြီးမှာလည်း သွေးထွက်လာတတ် တယ်။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေဝင်တယ်။ စောစောသိအောင် Pap smears လုပ်နေသင့်တယ်။

– Vaginal cancer ဗဂျိုင်းနားကင်ဆာက ရှားတယ်။ အသက်ကြီးမှဖြစ်တတ်တယ်။ ဘာမှ လက္ခဏာမရှိတာနဲ့စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။

– Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလည်း နှေးတယ်။ အသက်ကြီးမှဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တစ်ခုခုဆင်းမယ်။

– တခြားသားအိမ်ရောဂါတွေဖြစ်တဲ့ Fib­roid (Myoma)၊ Endometrial hyperplasia နဲ့ Endometriosis တွေက ကင်ဆာမဟုတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top