Healthy Life Ad
International

၆ ပတ်တစ်ကြိမ် အရေပြားလဲတဲ့ အိန္ဒိယမှ မြွေလူသား

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ရှာလီနီ ရာဒက်ဟာ Erythroderma အမည်ရ ရှားပါးတဲ့အရေပြားရောဂါတစ်မျိုး ခံစားနေရပါတယ်။ လူသုံးသိန်းမှာ တစ်ဦးသာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


ဝေဒနာရှင်တွေရဲ့အရေပြားဟာ အနီရောင်ဖြစ်နေတတ်ပြီး အကြေးခွံပုံစံအရေပြားကွာကျတာဟာ ခန္ဓာကိုယ်အနှံ့ဖြစ်တတ်ပါတယ်။ ရေရှည်ဖြစ်ပွား တဲ့ရောဂါမျိုးဖြစ်ပြီး ကုသလို့မပျောက်ကင်းသေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ မိဘတွေရဲ့ မူမမှန်တဲ့ မျိုးဗီဇကြောင့် ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။အရေပြားမှာကြောကွဲထွက်တာရပ်ဖို့ ရှာလီနီဟာ ၃ နာရီ တစ်ခါ အရေပြားအစိုဓာတ်ထိန်းလိမ်းဆေးလိမ်း နေရသလို ၁ နာရီတစ်ခါ ရေဖတ်တိုက်ပေးနေရ ကြောင်းသိရပါတယ်။ ၄၅ ရက်ကြာတိုင်း အရေပြားတွေကွာကျတတ်ကြောင်း သိရပါတယ်။ အကူတုတ် တစ်ချောင်းမပါဘဲ လမ်းမလျှောက်နိုင်တော့သလို အချိန်နဲ့အမျှ ဝေဒနာခံစားနေရပါတယ်။


ရှာလီနီရဲ့အကြောင်း ကြားသိတဲ့ ဒေသခံအလှူ ခံအဖွဲ့တစ်ဖွဲ့က သူရဲ့ရောဂါကို ကုသပေးဖို့ ကမ္ဘာအနှံ့မှ ဆေးရုံတွေကို အကူအညီတောင်းပေးခဲ့ပါတယ်။ အခုအခါ စပိန်နိုင်ငံရှိဆေးရုံတစ်ရုံမှ အခမဲ့ ကုသပေးဖို့ သဘောတူခဲ့ပြီး စပိန်သို့ သွားရောက်ဆေးကုသတော့မှာဖြစ်ကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top