Healthy Life Ad
International

ပုံမှန်ထက် ၈ ဆ အိုမင်းနေသည့် ၁၁ နှစ်အရွယ် ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၁၁နှစ်အရွယ် ရှရီယာ ဘာမက်တေးဟာ progeria အမည်ရ ရှားပါးတဲ့ မျိုးဗီဇရောဂါကြောင့် ပုံမှန်ထက် ၈ ဆပိုမိုအိုမင်းနေပါတယ်။ ပါးရေတွန့်တာ၊ ထိပ်ပြောင်တာတို့ဖြစ်ပွားနေပြီး ကမ္ဘာမှာ ရောဂါဖြစ်ပွားသူ ကလေးငယ် ၁၅၀ ဝန်းကျင်သာရှိပါတယ်။

ဝေဒနာရှင်ကလေးငယ်တွေဟာ မွေးဖွားချိန်မှာ ပုံမှန်ဖြစ်တတ်ပေမယ့် ပထမတစ်နှစ်သားအရွယ်မှာ ကြီးထွားမှုနှေးကွေးတာ၊ ဆံပင်ကျွတ်တာစတဲ့ လက္ခဏာတွေ ဖြစ်ပွားတတ်ပါတယ်။ နှလုံးရောဂါ ဒါမှမဟုတ် လေဖြတ်တာကြောင့် အရွယ်မတိုင်ခင် အသက်ဆုံးရှုံးတတ် ပြီး ဝေဒနာရှင်တွေရဲ့ ပျမ်းမျှဘဝသက်တမ်းက ၁၃နှစ်ခန့်သာရှိပါတယ်။ တချို့က ဒီထက်စော သေဆုံးကြပေမယ့် တချို့ကတော့ အသက် ၂၀ ကျော်အထိ နေထိုင်ရလေ့ရှိပါတယ်။ သုတေသနပြုလုပ်နေဆဲဖြစ်ကာ ရောဂါကုသနည်းမရှိသေးကြောင်း သိရပါတယ်။ ဒါပေမဲ့ ရှရီယာကတော့ စိတ်ဓာတ်ကျခြင်းမရှိဘဲ ဘဝကိုအကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေပါတယ်။

ဂီတတူရိယာတီးတာ၊ သီချင်းဆိုတာ၊ စက်ဘီးစီးတာနဲ့ ကောင်းမောင်းတာတို့ကို ကိုယ်တိုင်လုပ်နိုင်ပြီး ရေကူးလေ့ကျင့်ခန်း လည်းပြုလုပ်တယ်လို့ သိရပါတယ်။ ရောဂါကြောင့် စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ရှရီယာက ပြောပြခဲ့ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top