Healthy Life Ad
Men

ကာလသားရောဂါကို မကုသရင် ဘာဖြစ်တတ်သလဲ . . .

မေး. ကာလသားရောဂါပိုးကို အချိန်မီမကုသပါက နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို သိချင်ပါတယ်။
ကိုလင်းထွန်း၊ ချောက်မြို့။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ခြုံပြီး ကာလသားရောဂါလို့ ပြောလိုက်တာပါ။ ကာလသားရောဂါဆိုတာ အများကြီးရှိပါတယ်။ ဆစ်ဖလစ်ရောဂါဆိုတာ အချိန်မီကုဖို့လိုတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ဆစ်ဖလစ်ရောဂါပိုး ရှိ၊ မရှိ သေသေချာချာ စစ်လေ့ရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ဆစ်ဖလစ်ပိုးရှိရင် ကလေးဆီကို ကူးတတ်တယ်။ ဒါကြောင့် သိသိချင်းအချိန်မီ ကုရင်ကု၊ မကုရင် ကလေးကို အစောပိုင်းမှာ ကူးသွားတဲ့အခါ အသက်အန္တရာယ်ရှိတယ်။ နောက်ပိုင်းမှာကူးရင် ကလေးက ဒုက္ခိတလူစဉ်မမီတဲ့ ရောဂါပိုးတွေပါတတ်တယ်။ ဒါကြောင့် ဆစ်ဖလစ်ဆိုတာ စောစောကုရတယ်။

ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဆစ်ဖလစ်ဖြစ်ရင် အမြန်ဆုံးကုရတယ်။ မကုရင် အဆင့် (၁)၊ (၂)၊ (၃) စသဖြင့် ဖြစ်တတ်တယ်။ အဆင့်(၁)မှာတော့ လိင်အင်္ဂါမှာ အနာလေးတွေပေါ်တာလောက်ပဲ။ သူ့ဘာသာ ပြန်ပျောက်သွားတတ်တယ်။ အဆင့်(၂)မှာ လက်မှာအကွက်ပေါ်တာ၊ အကျိတ်ပေါ်တာ ဖြစ်တတ်တယ်။ အဆင့်(၃)ရောက်သွားရင် ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်တတ်သလို နှလုံးနဲ့သွေးကြောတွေကို ထိခိုက်တတ်တယ်။ မကုဘဲ ပစ်ထားလိုက်ရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ကာလသားရောဂါပိုးတွေက ဆေးကုဖို့လိုပါတယ်။ မကုရင် ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်မျိုးဆက်အတွက်သော်လည်းကောင်း အန္တရာယ်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top