Healthy Life Ad
Health Tips

နှလုံးကျန်းမာရေးကောင်းစေမည့် အကောင်းဆုံး လေ့ကျင့်ခန်း ၅ မျိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လေ့ကျင့်ခန်းလုပ်တာက နှလုံးကိုသန်စွမ်းစေပြီး နှလုံးကနေ သွေးထုတ်လုပ်မှု အားကောင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ သင့်အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ နှလုံးကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပြီး နှလုံးရောဂါအမောဖောက်တာ၊ လေဖြတ်တာနဲ့ တခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်နိုင်ပါတယ်။ နှလုံးရဲ့လုပ်ငန်းဆောင်တာကို ၁၀ဝ ရာခိုင်နှုန်းထိန်းထားနိုင်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံးလေ့ကျင့်ခန်း ၅မျိုးကို အကြံပြုလိုက်ပါတယ်။

(၁) လမ်းလျှောက်ခြင်း

နှလုံးကျန်းမာရေးကောင်းမွန်ဖို့ ငွေကုန်ကြေးကျအသက်သာဆုံးနဲ့ အလွယ်ဆုံးနည်းက လမ်းလျှောက်တာပါပဲ။ လမ်းလျှောက်တာက တစ်နေ့တာရဲ့ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို ပြုလုပ်နိုင်ပါတယ်။ ရုံးခန်းထဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် လမ်းလျှောက်နိုင်ပါတယ်။ လမ်းလျှောက်တာကြောင့် နှလုံးခုန်နှုန်းမြန်စေပြီး အဆုတ်၊ အရိုးနဲ့ ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။

(၂) ရေကူးခြင်း

ရေကူးတာကလည်း တစ်ကိုယ်လုံးအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းဖြစ်ပြီး အဆစ်တွေပေါ် ဖိအားသက်ရောက်မှုမများစေဘဲ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ရေကူးတာက အဆုတ်နဲ့နှလုံးကို သန်စွမ်းကျန်းမာစေပါတယ်။

(၃) လှေကားတက်ခြင်း

ဓာတ်လှေကားနဲ့မတက်ဘဲ လှေကားနဲ့အပေါ်ကိုတက်တာကလည်း နှလုံးကျန်းမာစေတဲ့အကျင့်တစ်ရပ်ပါပဲ။ လှေကားနဲ့အမြင့်တက်တာကြောင့် သင့်ခန္ဓာကိုယ်ဆီ အောက်ဆီဂျင်ရောက်ရှိမှုများစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး နှလုံးသန်စွမ်းကျန်းမာစေပါတယ်။

(၄) အလေးမခြင်း

အလေးမတာက အရိုးနဲ့ကြွက်သားတွေကို သန်စွမ်းကျန်းမာစေရုံသာမက နှလုံးကျန်းမာစေပါတယ်။ ဆောင့်ကြောင့်ထိုင်တာ၊ အိပ်ထမတင် လေ့ကျင့်ခန်းလုပ်တာတို့လိုပဲ အလေးမလေ့ကျင့်ခန်းလုပ်တာကလည်း တစ်ကိုယ်လုံးကြွက်သားတွေကိုသာမက နှလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

(၅) စက်ဘီးစီးခြင်း

စက်ဘီးစီးတာက ခြေသလုံး၊ ပေါင်တံတွေကို သန်စွမ်းကျန်းမာစေရုံသာမက နှလုံးခုန်နှုန်းကို ကောင်းမွန်စေကာ နှလုံးကျန်းမာသန်စွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top