Healthy Life Ad
International

ရောဂါအကြောင်း ပုံကြမ်းဆွဲပြကာဆေးကုတဲ့ တရုတ်ဆရာဝန် နာမည်ကြီးနေ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၃၆နှစ်အရွယ် အရိုး ခွဲစိတ်ဆရာဝန် ချိုဝေလီဟာ ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေအကြောင်း လူနာတွေကို ပုံဆွဲရှင်းပြတာကြောင့် နာမည်ကျော်ကြားလျက်ရှိပါတယ်။


ပုံကြမ်းဆွဲနိုင်တဲ့ သူ့ရဲ့အရည်အချင်းအကြောင်း သတင်းစာတစ်စောင်မှာ စတင်ပါဝင်လာခဲ့ပြီးနောက် မီဒီယာပေါင်းစုံမှာဖော်ပြလာတာကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ ခြေ ထောက်အရိုးတစ်ချောင်းခွဲစိတ်တာနဲ့ ပတ်သက်ပြီး ပုံကြမ်းတစ်ပုံဆွဲဖို့ ၁၀ မိနစ်ခန့်ကြာလေ့ရှိကြောင်းနဲ့ ပိုမိုရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေအတွက် ပုံဆွဲချိန် ၂နာရီခန့်ကြာတတ်ကြောင်း ချိုက ပြောပြပါတယ်။ ရုပ်ပုံတစ်ပုံက စကားအများကြီး ပြောစရာမလိုဘဲ ခွဲစိတ်မှုအကြောင်း လူနာတွေ ပိုမိုနားလည်စေကြောင်း သူက ဆိုပါတယ်။ ခဲတံ၊ ဘောပင်တွေနဲ့ အဆင်ပြေသလို ဆွဲနေရာကကွန်ပျူတာဆော့ဖ်ဝဲလ်သုံးပြီး ပုံဆွဲနိုင်ဖို့ ကြိုးစားနေကြောင်း ပြောပြပါတယ်။

ကားမတော်တဆမှုကြောင့် ခြေထောက်ခွဲ စိတ်မှုခံယူခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ချိုရဲ့ ပုံကြမ်း ၄ ပုံကြောင့် ခွဲစိတ်မယ့်အစီအစဉ်အကြောင်း ပိုမိုနားလည်လာခဲ့ကာ မခွဲစိတ်ခင်စိတ် သက်သောင့်သက်သာဖြစ်ခဲ့ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top