Healthy Life Ad
International

သားယောကျာ်းလေးရဖို့ကြိုးစားရင်း တစ်နှစ်အတွင်း လေးကြိမ်ကိုယ်ဝန်ဖျက်ချခဲ့တဲ့ အမျိုးသမီးသေဆုံး

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံအရှေ့ပိုင်းမှ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူက သားယောကျာ်းလေးလိုချင်တာကြောင့် တစ်နှစ်အတွင်း လေးကြိမ်ကိုယ်ဝန်ဖျက်ချခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။

အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၄နှစ်က သမီးမိန်းကလေး တစ်ဦးမွေးဖွားနိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူက ဒုတိယကလေးဟာ ယောကျာ်းလေးဖြစ်ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဓာတ်မှန်ရိုက်ကာ ကလေးရဲ့ လိင်အမျိုးအစားကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ ထပ်တလဲလဲ ကိုယ်ဝန်ဖျက်ချရတာကြောင့် ကျန်းမာရေးချို့ယွင်းလာခဲ့ကာ နာမကျန်းဖြစ်ခဲ့ပါတယ်။ သားယောကျာ်းလေး ကိုယ်ဝန်မဆောင်နိုင်တာနဲ့ နာမကျန်းတာတို့ကြောင့် ခင်ပွန်းဖြစ်သူရဲ့ ကွာရှင်းပြတ်စဲခြင်းခံခဲ့ရပါတယ်။ အမျိုးသမီးဟာ ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ပေမယ့် နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခင်ပွန်းဟောင်းဖြစ်သူက နောက်မိန်းမယူဖို့ ပြင်ဆင်နေပြီး ဆေးရုံတက်နေစဉ်မှာ တစ်ခေါက်မှရောက်မလာဘူးလို့ သိရပါတယ်။ တရုတ်ရိုးရာ ယဉ်ကျေးမှုအရ သမီးမိန်းကလေးထက် သားယောကျာ်းလေးကို ပိုနှစ်သက်တာကြောင့် ကိုယ်ဝန်ဖျက်ချတာကို ကာကွယ်ဖို့အတွက် တရုတ်ဆရာဝန်တွေအနေနဲ့ မမွေးသေးတဲ့ကလေးရဲ့ လိင်အမျိုးအစားကိုမပြောပြဖို့ ဥပဒေထုတ် တားမြစ်ထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ လိုင်စင်မဲ့ရမ်းကုတွေက ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးလိင်အမျိုးအစားကို တရားမဝင်စမ်းသပ်ပေးနေကြကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top