Healthy Life Ad
International

Android ဖုန်းကိုင်သူများက ပိုရိုးသားကြပြီး Apple ဖုန်းကိုင်သူများက ပိုမိုဖော်ရွေတတ်လေ့ရှိ

၊ မိုးမင်းထွန်း ၊

Android ဖုန်းကိုင်သူများက ပိုရိုးသားကြပြီး Apple ကိုင်သူတွေက ပိုမိုဖော်ရွေတတ်လေ့ရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

လင်ကွန်းနဲ့လန်ကတ်စတာတက္ကသိုလ်များမှ သုတေသီအဖွဲ့တစ်ခုက ရာနဲ့ချီတဲ့လူတွေရဲ့ ဖုန်းအပေါ်ထားတဲ့အမြင်တွေကို လေ့လာခဲ့ကြပါတယ်။ Android သမားတွေက အသက်ပိုကြီးသူတွေ၊ အမျိုးသားတွေများပြီး ပိုမိုရိုးသားကြကာ ကိုယ်ကျိုးအတွက် စည်းကမ်းဖောက်တတ်သူတွေ မဟုတ်တဲ့အပြင် စည်းစိမ်ချမ်းသာဂုဏ်ပကာသနအပေါ်မှာ စိတ်ဝင်စားမှုနည်းသူတွေများကြောင်းတွေ့ရှိခဲ့ပါတယ်။ iPhone သမားတွေမှာတော့ လူငယ်များပြီး အမျိုးသမီးပိုများကာ လူအများကြိုက်တဲ့ပစ္စည်းမျိုးကို ပိုင်ဆိုင်ဖို့ စိတ်ဝင်စားမှုနည်းပါးကြတယ်လို့ ဆိုပါတယ်။

လေ့လာမှုက ကိုင်တဲ့ဖုန်းနဲ့ လူရဲ့စိတ်နေသဘောထားကို ဆက်စပ်ပြတဲ့ ပထမဆုံးလေ့လာမှုလည်းဖြစ်ပါတယ်။ သုတေသီတွေက လူ၅၀ဝ ကျော်ကို သူတို့အကြောင်းနဲ့ဆိုင်တဲ့မေးခွန်းတွေ၊ ကိုင်တဲ့ဖုန်းအပေါ်ထားတဲ့ သဘောထားတွေကို မေးမြန်းခဲ့ကြပါတယ်။ iPhone ပိုင်ရှင်တွေက အမျိုးသမီးတွေ၊ လူငယ်တွေများပြီး ကိုင်တဲ့ဖုန်းကို ကိုယ့်ရဲ့ဂုဏ်တစ်ရပ်အနေနဲ့ သဘောထား ကြသူတွေများတယ်လို့ သိရပါတယ်။

ဒီနေ့ခေတ်မှာ ဖုန်းတွေက ကိုင်ဆောင်သူတွေရဲ့ကိုယ်ပွားပုံစံဖြစ်လာကြပြီး လူအများစုက ဖုန်းထဲမှာကိုယ့်အ ကြောင်းအများအပြား ရှိနေတာကြောင့် တခြားသူတွေ ကိုယ့်ဖုန်းကိုသုံးမှာ မလိုလားကြကြောင်းလည်း သုတေသီတွေက ရှင်းပြခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top