Healthy Life Ad
Q & A

သွေးတိုးရှိမှန်းမသိလို့ သွေးကျဆေးသောက်မိရင် . . .

မေး။ ။ ကိုယ့်ကိုယ်ကိုယ် သွေးတိုးရှိမှန်း မသိတဲ့ သူတစ်ယောက်ဟာ မူးဝေလာတဲ့အခါမှာ သွေးတိုးလို့ထင်ပြီး သွေးကျဆေးတွေ သောက်တတ်ကြပါတယ်။ ဒါက အန္တရာယ်ရှိနိုင်သလားရှင့်။
ကိုထူး (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အန္တရာယ်ရှိပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးတာက သွေးတိုးတာ တစ်ခုတည်းကြောင့် မူးတတ်တာ မဟုတ်ပါဘူး။ သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ လည် ပင်းကျီးပေါင်းတက်တာ၊ အိပ်ရေးပျက်တာ၊ သွေးအားနည်းတာ၊ မျက်မှန်လိုတာ၊ ကားမူး၊သင်္ဘော မူးတာစတဲ့အကြောင်းရင်းပေါင်းများစွာကြောင့်လည်း မူးတတ်ပါတယ်။ ဒါကြောင့် မူးဝေလာပြီဆိုရင် ဖြစ်ရ တဲ့အကြောင်းရင်းကိုရှာပြီး သွေးတိုးနေမှသာ သွေးတိုးကျဆေးကို သောက်သင့်ပါတယ်။

တကယ်လို့ သွေးတိုးရောဂါရှိတယ်ဆိုရင် သွေး တိုးရှိနေသူတစ်ယောက်က အငန်လျှော့စားရပါမယ်။ အဆီအအိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့ စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို များများ စား ပေးရပါမယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါ တယ်။ သွေးပေါင် မှန်မှန် ချိန်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top