Healthy Life Ad
Q & A

ဗိုက်ခွဲစိတ်ပြီးတဲ့အခါ အလုပ်လုပ်မယ်ဆိုရင်

မေး. ဗိုက်ခွဲစိတ်ကုသပြီးတဲ့အခါ ဘယ်လောက်အကြာမှာ အလုပ်ပြန်လုပ်လို့ရပြီလဲရှင့်။
မဆွေဇင်၊ တာမွေ။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒါက ကိုယ်လုပ်တဲ့ အလုပ်အကိုင်အမျိုးအစားပေါ် မူတည်ပါတယ်။ သာမန်အလေးအပင်သယ်မရတဲ့ အလုပ်ကြမ်းမဟုတ်ရင်တော့ နှစ်ပတ်လောက်ဆိုရင် လုပ်လို့ရပါပြီ။ အရောင်းစာရေး၊ ကွန်ပျူတာကိုင်ရတဲ့ အလုပ်တွေလို ထိုင်ရတဲ့အလုပ်တွေဆိုရင် ဗိုက်ခွဲပြီးနှစ်ပတ်ကြာတာနဲ့ အလုပ်ပြန်လုပ်လို့ရပါတယ်။ သွားလာလှုပ်ရှားရတဲ့ အလုပ်တွေဆိုရင်တော့ ဗိုက်ခွဲပြီး တစ်လလောက်ကြာမှ လုပ်သင့်ပါတယ်။

ဘောလုံးကန်တဲ့၊ ကရာတေးကစားတဲ့၊ သိုင်းချတဲ့ အားကစားသမားတွေဆိုရင်တော့ ဗိုက်ခွဲပြီး နှစ်လလောက်ကြာမှ ပြန်လည်ပြုလုပ်သင့်ပါတယ်။ ကျောင်းတက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုရင် ဗိုက်ခွဲပြီး နှစ်ပတ်အကြာမှာ ကျောင်းပြန်တက်လို့ရပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top