Healthy Life Ad
Health Tips

ဘာကြောင့် သွေးတိုးရောဂါဖြစ်ရတာလဲ…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးတိုးရောဂါရဲ့ ၉၀-၉၅ ရာခိုင် နှုန်းက ဘာကြောင့် သွေးတိုးဖြစ်သလဲဆိုတာမသိကြပါဘူး။ တချို့ကတော့ မျိုးရိုးကြောင့်၊ ဥပမာ-အဖေ၊ အမေမှာ သွေးတိုးရောဂါရှိရင် သားသမီးမှာဖြစ်တတ်တယ်လို့ဆိုကြတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလေးတွေတော့ အများကြီးရှိပါတယ်။ အဲဒါတွေကတော့-

အကြောင်းကြောင်းကြောင့် သွေးကြောတွေက မာပြီးကျဉ်းလာရင် (အထူးသဖြင့် အသက်ကြီးချိန်မှာ)သွေးတိုးနိုင်ပါတယ်။

သွးထဲမှာ အရည်တွေပိုများလာရင်၊ ဓာတ်ဆားရည်တွေ အများကြီးသောက်မိတာမျိုးက အမြဲသွေးမတိုးဘဲ ခဏတာသွေးတိုးတတ်ပါတယ်။

တချို့ဆေးတွေ(ဥပမာ-အကိုက်အခဲ ပျောက်ဆေး (NSAIDs)အကြာကြီးစွဲသောက်ရင်၊ နွယ်ချိုလိုဆေး၊ နွယ်ချိုပါတဲ့ဆေးတွေကို နှစ်ရှည်လများ အကြာကြီးသောက်ရင်) သွေးတိုးနိုင်ပါတယ်။
တခြားရောဂါတွေကြောင့် သွေးတိုးတာကိုတော့ Secondary Hypertension လို့ခေါ်ပါတယ်။ (ကျောက်ကပ်မကောင်းရင် ဦးနှောက် အာရုံကြောဆိုင်ရာရောဂါဖြစ်ရင်၊ Endocrine System မှာ ရောဂါဖြစ်ရင်သွေးတိုးတတ်ပါတယ်။)

လေ့လာမှုအရ သွေးတိုးရောဂါရှိသူတွေရဲ့ ၅၀ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် သွေးတိုးရောဂါရှိနေမှန်းမသိကြပါဘူးတဲ့။ သွေးတိုးရောဂါရှိမှန်းမသိလို့ ဆရာဝန်ဆီကို နောက်ကျမှရောက်လာရင် ကုသရတာ ခက်ခဲပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဝေဒနာဝင်မှသိရင် ကုသရပိုခက်ခဲပါတယ်။ ဒါကြောင့် သွေးပေါင်မှန်မှန်ချိန်ပြီး သွေးတိုးနေရင် ဆရာဝန်ထံစောစောစီးစီး သွားပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top