Healthy Life Ad
Q & A

မျက်စိအားနည်းလို့ပါ . . .

မေး. အသက်က ၂၃နှစ်ပါဗျ။ အသက် ၁၄နှစ်တုန်းက ဓားနဲ့ခိုက်မိလို့ ညာဖက်မျက်စိခွဲထားဖူးပါတယ်။ မျက်မှန် မတက်ပါဘူး၊ မလိုဘူးထင်လို့ အခုကျောင်းစာကြည့်ရင် ၃နာရီလောက် စာဖတ်တာနဲ့ မျက်စိက အရမ်းကိုအားနည်းလာပါတယ်။ စာဆက်ကြည့်လို့မရတော့ဘူး။ တစ်နာရီလောက် ပြန်အိပ်လိုက်မှ စာပြန်ကြည့်လို့ရပါတယ်။ အဝေးမလိုပါဘူး။ အနီးပါ အကုန်မြင်ရပါတယ်။ မျက်မှန်မတပ်ချင်ပါဘူး။ ဆေးသောက်သင့်တယ်ဆိုရင်ကော ဘယ်လိုဆေးမျိုး သောက်သင့်ပါသလဲ ခင်ဗျ။
Shwe Sin Myat Moon (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. မျက်စိအားနည်းတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ စာဖတ်တာကြာရင် မျက်စိညောင်းတာ၊ မျက်ရည်ယိုတာ၊ ကိုက်ခဲတာတွေ ဖြစ်လာရင်တော့ မျက်စိကို သေသေချာချာ စစ်ဆေးဖို့ မျက်စိအထူး ကုဆရာဝန်နဲ့ပြရပါမယ်။ အစိမ်းရင့်ရောင်အရွက်တွေ၊ မုန်လာဥနီလို အသီးအနှံတွေ များများစားပါ။ ဗီတာမင်အေပါတဲ့ဆေး မှီဝဲနိုင်ပါတယ်။ စာဖတ်လို့ ညောင်းလာရင် ခပ်လှမ်းလှမ်းကနေရာတွေကိုကြည့်ပေးတာ၊ မျက်စိမှိတ်ပြီး ခဏနားတာတွေ လုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top