Healthy Life Ad
International

သရဲစီးခံရဆိုကာ အိမ်ထဲတွင် သော့ခတ်ခံထားရသူ အိန္ဒိယအမျိုးသား၏ ဝမ်းဗိုက်ထဲမှ ကမ်းခြေဘောလုံး အရွယ်အစားရှိ အကျိတ်ကို ဖယ်ရှားခဲ့ရ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၄၉ နှစ်အရွယ် ရှိင်ယာမယ်တရရိုက်မှာ ၄၄ ပေါင်အလေးချိန်ရှိ ဝမ်းဗိုက်အ ကျိတ်ကြီးဖြစ်ပေါ်နေပြီး ရွာသူရွာသားတွေက သရဲစီးခံနေရတယ်လို့ ယုံကြည်ထားကြပါတယ်။ မိသားစုက ပယောဂဆရာနဲ့ပြသခဲ့ပေမယ့် သက်သာမလာတာကြောင့် အိမ်ခန်းထဲမှာ ပိတ်လှောင်ထားခဲ့ပါတယ်။

အကျိတ်က သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို တဖြည်းဖြည်းထိခိုက်လာကာ အစာစားတိုင်း အန်နေခဲ့ပါတယ်။ အိမ်နီးချင်းတချို့က အစိုးရဆေးရုံမှာ အခမဲ့ဆေးစစ်ကြည့်ဖို့ တိုက်တွန်းတာကြောင့် သွားရောက်ပြသခဲ့ရာမှာ တီရိုက်ရဲ့ဝမ်းဗိုက်ထဲမှာ Retroperitoneal Liposarcoma tumour ခေါ် ကင်ဆာအကျိတ်ပိုကြီး ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ဒီလိုအကျိတ်မျိုးက ရှားပါးတဲ့ ကင်ဆာအကျိတ်ဖြစ်ပြီး ကျောက်ကပ်၊ မုန့်ချိုအိတ်နဲ့ ဆီးအိမ်အနီး ဝမ်းဗိုက်အောက်ပိုင်းနေရာမှ အဆီများတဲ့ တစ်သျှူးတွေ မှာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

ဆရာဝန် သုံးယောက်ပါတဲ့အဖွဲ့က တီရိုက်ရဲ့ ဝမ်းဗိုက်အကျိတ်ကို နှစ်နာရီခွဲကြာ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ အကျိတ်မျိုးကို ပထမ ဆုံးခွဲစိတ်ဖူးတာဖြစ်ကြောင်းနဲ့ လူနာဟာ သက်သာလာနေပြီး မကြာခင်ပုံမှန်နေကောင်းတော့မှာဖြစ်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top