Healthy Life Ad
International

လျှပ်ပေါ်လော်လီသည့် ယူနီဖောင်းကြောင့် ထိုင်းသူနာပြု အလုပ်ပြုတ်

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက် ၂၆ နှစ်အရွယ် ပရီချက်ပန်ချက်ရှရီဟာ ထိုင်းအရှေ့မြောက်ပိုင်း အီစန်ဒေသမှ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူရဲ့လျှပ်ပေါ်လော်လီတဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဓာတ်ပုံတစ်ပုံဟာ လူမှုမီဒီယာတွေမှာ နာမည်ကြီးသွားခဲ့ကာ ဝေဖန်မှုများစွာရရှိခဲ့ပါတယ်။

ကိုယ်ကျပ်ခရမ်းဖျော့ရောင် ပေါင်ပေါ်စကပ်တိုဝတ်ဆင်ထားတဲ့ ချက်ရှရီရဲ့ဓာတ်ပုံဟာ ထိုင်းသူနာပြုချစ်သူများအဖွဲ့အမည်ရ လူမှုမီဒီယာစာမျက်နှာပေါ်ရောက်သွားခဲ့ကာ လူများစွာက ရှဲလ်ခဲ့ကြတယ်လို့သိရပါတယ်။ ဝေဖန်သူတွေက ချက်ရှရီဟာ မလုံမခြုံဝတ်စားကာ သူနာပြုအလုပ်အကိုင်ကို သိက္ခာကျစေခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဆေးရုံဘုတ်အဖွဲ့ကလည်း ဆေးရုံဂုဏ်သိက္ခာကျဆင်းစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ချက်ရှရီဟာ အမှားအတွက်တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး ထိုင်းသူနာပြုနှင့် သားဖွားဆရာမကောင်စီအပြင် ဆေးရုံကိုပါ တောင်းပန်စကားပြောကြားခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံကိုအခြေခံပြီး သူနာပြုတွေအကုန်လုံးကို အကဲမဖြတ်ကြဖို့နဲ့ သူနာပြုအလုပ်အကိုင်ရဲ့ ဂုဏ်သိက္ခာအတွက် ဆေးရုံမှနှုတ်ထွက်ကာ အမှားအတွက်တာဝန်ခံပါကြောင်း ဆိုခဲ့ပါတယ်။ ကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့အတွက် လေ့လာစရာ များစွာကျန်သေးကြောင်းလည်း သူနာပြုရှရီက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top