Healthy Life Ad
International

ပုံမှန်ထက် လေးဆရောင်ရမ်းနေသည့် ခြေထောက်ကြီးနှင့် ထိုင်းအမျိုးသား

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက်၄၂နှစ်အရွယ် ဘွန်တင်း နန်ဖက်ဟာ lymphedema ဆိုတဲ့ နာတာရှည်ရောဂါတစ်မျိုးကို ခံစားနေရတာ ၁၀နှစ်ကျော်ကြာခဲ့ပါပြီ။ Lymphedema ဆိုတာအဓိကအားဖြင့် လက်တွေ၊ ခြေထောက်တွေမှာ အဖြစ်များပြီး ခန္ဓာကိုယ်တစ်သျှူးတွေရောင်ရမ်းတဲ့ နာတာရှည်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

သွေးဖြူဆဲလ်များပါတဲ့ ကိုယ်တွင်း ထွက်အရည်ကြည်စနစ် ကောင်းစွာအလုပ် မလုပ်တဲ့အခါဖြစ်ပွားတတ်ပါတယ်။ ချက်ချင်းကုသဖို့လိုအပ်ပြီး ပျောက်ကင်းအောင် ကုသနိုင်တဲ့ ကုထုံးမရှိသေးဘဲ ရောဂါထိန်းချုပ်နိုင်တဲ့အဆင့်သာ ရှိသေးပါတယ်။ဘွန်တင်းဟာ ရောဂါကြောင့်ခြေထောက် တစ်ဖက်ရောင်ရမ်းနေပြီး နည်းနည်းလေးရွေ့လျားရင်တောင် အလွန်အမင်းနာကျင်တာကြောင့် အလုပ်မလုပ်နိုင်ဘဲ ဇနီးဖြစ် သူရဲ့လုပ်စာအပေါ်မှာပဲ မှီခိုနေရပါတယ်။

ဇနီးဖြစ်သူက တစ်ရက်လုပ်ခထိုင်းဘတ် ၂၅၀သာရပြီး စုတ်ပြတ်ယိုယွင်းနေတဲ့အိမ်လေးထဲမှာ အတူတကွ နေထိုင်ကြပါတယ်။ ဆေးရုံသို့ မကြာခဏသွားရောက် ပြသရလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးနေတဲ့ ထိုင်းဘုန်းတော်ကြီးဘ ဟင်က ဘွန်တင်းအတွက် ဆေးရုံသို့သွားရောက်ဖို့ ပုံမှန်လူနာတင် ယာဉ်စီစဉ်ပေးထားပြီး ဆေးကုသစရိတ်ရရှိအောင် အလှူငွေကောက်ခံပေးနေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top