Healthy Life Ad
International

ပူးကပ်နေသည့်လက်ချောင်းများက ဘုရားရိုက်ခြင်းဟု ယုံကြည်သော အိန္ဒိယမျိုးနွယ်စု ခွဲစိတ်ခံယူရန် ငြင်းဆို

၊ မိုးမင်းထွန်း ၊

အိန္ဒိယမျိုးနွယ်စုတစ်စုမှာ လက်ချောင်းချင်း ပူးကပ်နေတဲ့ မိသားစုဝင် ၁၄၀ ဦးရှိပြီး သူတို့က ဒါကို ဘုရားရိုက်တာလို့ ယုံကြည်ထားကြပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကျေးရွာတစ်ရွာရှိ ကန်နတူမျိုးနွယ်စုမှာ အသက် ၈၅ နှစ်အရွယ် မိသားစု ခေါင်းဆောင်မှအစ ငယ်ရွယ်တဲ့ မျိုးဆက်တွေအထိ မွေးရာပါ လက်ချောင်းပူးကပ်နေကြပါတယ်။ ဆေးပညာအရ Syndactyly ခေါ်တဲ့ ဒီရောဂါမျိုးဟာ ကုသနိုင်ပေမယ့် ခွဲစိတ်မှုခံယူလိုက်ရင် ကံကြမ္မာဆိုး ကျရောက်လာမယ်လို့ ရွာသားတွေက ယုံကြည်ထားကြပါတယ်။


အစဉ်အလာပြောစကားအရ သူတိုရဲ့ဘိုးဘေးတစ်ယောက်ဟာ အထွတ်အမြတ်ထားတဲ့ သစ်ပင်တစ်ပင်ကို ခုတ်လှဲခဲ့ပြီးနောက် သူတို့မျိုးနွယ်စုမှာ အခုလို မွေးရာပါဝေဒနာခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ချောင်းပူးတာကို ခွဲစိတ်ဖူးသူ တစ်ယောက်ရှိဖူးပြီး မကြာခင်မှာ အဆိုပါလူမှာ နားအကြားအာရုံ ချို့ယွင်းသွားခဲ့တာကြောင့် လူတိုင်းထိတ်လန့်ကာ ခွဲစိတ်မှုမခံယူတော့ကြောင်း သိရပါတယ်။


မျိုးနွယ်စုဝင် အသက် ၄၉ နှစ်အရွယ် ဂါရစ်ရှ် ကူးမားက ဒါက ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်ကာ ချို့ ယွင်းချက်ကြောင့် ထိခိုက်စရာကြီးကြီးမားမား မရှိခဲ့ကြောင်း ပြောပြပါတယ်။ ခွဲစိတ်ကုသစရာမလိုဘဲ သာမန်လူလို အလုပ်လုပ်ကိုင်နိုင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top