မေး။ ။ Fiberglass က ကျန်းမာရေးအတွက် ဘယ်လိုသက် ရောက်မှုရှိပါသလဲ။ ကောင်းကျိုးရှိသလား၊ ဆိုးကျိုး ဖြစ်စေနိုင်ပါသလား ခင်ဗျာ။
စာဖတ်သူတစ်ဦး။
ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။
ဖြေ။ ။ Fiberglass ကို အိမ်အလှဆင်ပစ္စည်းနဲ့ တချို့ အသုံးအဆောင်တွေမှာသုံးကြပါတယ်။ Fiberglass အမှုန်တွေ ရှူတာများရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာကင်ဆာတွေ ဖြစ်မလားဆိုပြီး လေ့လာကြပေမယ့် အခုထိတော့ သေသေချာချာ မသိသေးပါဘူး။ အများအားဖြင့် သိပ်စိုးရိမ်စရာ မရှိပေမယ့် အမှုန် များများရှူမိ၊ ထိတွေ့မိရင် တချို့လူတွေမှာ ယားယံတာတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)