Healthy Life Ad
International

ဦးခေါင်းနှစ်လုံးနှင့်ကလေး အိန္ဒိယ၌မွေးဖွား

၊ မိုးမင်းထွန်း ၊

အိန္ဒိယဆရာဝန်တွေက ရင်ဘတ်မှာ ခေါင်းအပိုတစ်လုံးပါတဲ့ ကလေးငယ်တစ်ယောက်ကို ခွဲစိတ်ခဲ့ကြပါတယ်။ လေးနာရီကြာမြင့်တဲ့ ခွဲစိတ်မှုအတွင်း ကလေးရဲ့ကပ်ပါးအမြွှာမှရရှိတဲ့ ဦးခေါင်းကို ဖယ်ရှားနိုင်ခဲ့ကြပါတယ်။

အပိုဦးခေါင်းက ကလေးရဲ့ သွေးအထောက်အပံ့ရရှိနေပြီး ကလေးငယ် ကြီးထွားဖွံ့ဖြိုးစေမယ့် အာဟာရဓာတ်တွေကို စုပ်ယူနေတာကြောင့် အမြန်ခွဲထုတ်ရတာလို့ ဆရာဝန်တွေကပြောပါတယ်။ တစ်စိတ်တစ်ပိုင်းသာ ဖွံ့ဖြိုးတာကြောင့် အပိုဦးခေါင်းမှာ နား၊ မျက်စိမပါကြဘဲ လက်တစ်ချောင်းပါလာတယ်လို့ သိရပါတယ်။ ကပ်ပါးအမြွှာဖြစ်ပွားမှုဟာ ကလေးတစ်သိန်းမွေးတိုင်း တစ်ကြိမ်သာဖြစ်ပွားတတ်ပြီး ရှားပါးပါတယ်။

ဆရာဝန်တွေက ကလေးကို ထိခိုက်စေခြင်းမရှိဘဲ ကပ်ပါးအမြွှာကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ကလေးရောမိခင်ပါ ကျန်းမာနေပြီး မကြာခင်ဆေးရုံက ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။ မိဘတွေက ဆင်းရဲတာကြောင့် အိန္ဒိယနိုင်ငံ၊ ဂျိုင်ပါရှိ JK Lone ဆေးရုံက အခမဲ့ကုသပေးတာဖြစ်ကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top