၊ မိုးမင်းထွန်း ၊
တရုတ်နိုင်ငံမှ အသက် ၂၆ နှစ်အရွယ် လျူဇောင်ကျူဟာ ကလေးဘဝတုန်းက ခြင်ကိုက်ခံရတာကြောင့် ဆင်ခြေထောက်ရောဂါခံစားခဲ့ရပါတယ်။
လိင်အင်္ဂါအစိတ်အပိုင်းတွေရောင်လာကာ ဝှေးစေ့တွေကို အစာအိမ်ထဲပြောင်းရွှေ့တဲ့ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခြေထောက်ရောင်လာပြီး ခန္ဓာကိုယ်အလေးချိန် ၃၂၃ပေါင်ရှိလာခဲ့ကာ ဆီးကောင်းကောင်းမသွားနိုင်တော့ပါဘူး။ ၂၀ဝ၀ပြည့်နှစ် အသက် ၁၉ နှစ်အရွယ်မှာ အသက် ၂၀ အရွယ်အထိ အသက်ရှည်မှာမဟုတ်တော့ဘူးလို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ပေမယ့် လျူဟာ အခုအချိန်အထိ အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ လျူဟာဝူဟန်မြို့ရဲ့ လမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်နေပြီး ရရှိငွေတွေစုကာ အကောင်းဆုံးဆရာဝန်တွေရှာဖွေကာ သူ့ရောဂါကို ကုသနေတယ်လို့ သိရပါတယ်။
ရောဂါကပိုဆိုးကာ ဝမ်းဗိုက်နားအထိ ရောက်ရှိနေပြီဖြစ်တာကြောင့် ရောဂါအရှင်းပျောက်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပေမယ့် ဆက်လက်အသက်ရှင်လိုတယ်လို့ လျူကပြောပါတယ်။ သူအကြောက်ဆုံးက ‘မနက်အိပ်ရာထချိန်မှာ ရောင်နေတဲ့ ခြေထောက်နှစ်ဖက်လုံးပေါက်ထွက်သွားမှာကိုပဲ’လို့ လျူက သနားစဖွယ်ပြောပြခဲ့ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)