Healthy Life Ad
International

ထိုင်းနိုင်ငံမှ သွေးမျက်ရည်ကျသည့် မိန်းကလေး

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက် ၇ နှစ်အရွယ် ဖခါမက်ဆန်ချိုင်ဟာ လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းက ခေါင်းကိုက်တိုင်း မျက်လုံး၊ နှာခေါင်းနဲ့ နားတွေက သွေးတွေထွက်ကျနေပါတယ်။

ဆေးရုံသို့ သွားရောက်ပြသခဲ့ပေမယ့် သက်သာခြင်းမရှိတာကြောင့် မိသားစုက အကူအညီပေးနိုင်မယ့်သူကို အပူတပြင်းရှာဖွေနေပါတယ်။ ဆရာဝန်တွေက ကလေးမှာ Hematohidrosis အမည်ရ သွေးမျက်ရည်ကျရောဂါဖြစ်ပွားနေတယ်လို့ ယူဆနေကြပါတယ်။ ဒီရောဂါက လူ ၁၀သန်းမှာ တစ်ယောက်နှုန်းသာ ဖြစ်ပွားတတ်တဲ့ ရှားပါးရောဂါမျိုးဖြစ်ပါတယ်။ စိတ်ဖိစီးတဲ့အခါ အရေပြားအောက်မှ သွေးကြောတွေ ပြန့်ကားအက်ကွဲကာ အရေပြားမှသွေးစိမ့်ကျတတ်ပါတယ်။ ကုထုံးမရှိသေးဘဲ စိတ်ဖိစီးပူပန်မှုလျော့ကျစေတဲ့ ဆေးတွေနဲ့သာ ရောဂါသက်သာအောင် ကုသနိုင်ပါတယ်။

ဝေဒနာရှင်တွေမှာ အားနည်းတာ၊ ရေဓာတ်ခမ်းခြောက်တာစတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။ ဖခါမက်ဟာ သွေးမျက်ရည်ကျတိုင်း နာကျင်တဲ့ဝေဒနာ မခံစားရပေမယ့် သူ့ရဲ့မိခင်ဖြစ်သူကတော့ ကလေးရဲ့ဝေဒနာသက်သာစေဖို့ မျှော်လင့်နေပါတယ်။ ဝေဒနာခံစားနေရပေမယ့် ဖခါမက်ဟာ သတ္တိကောင်းကာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြောင်း မိခင်ဖြစ်သူက ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top