Healthy Life Ad
Life Style

ရတနာမိုင်၏ ကျန်းမာလှပလူမှုဘဝ

မေး။ ။ တစ်နေ့တာအတွက် အသားအရေ ထိန်းသိမ်းဖြစ်ပုံလေးလည်း ပြောပြပေး ပါဦး။
ဖြေ။ ။ အသားအရေအတွက် ရေများများသောက်တယ်။ အသီးအနှံများများစားတယ်၊ အသားအရေ စိုပြေအောင်ပေါ့။ ညအိပ်ရင်လည်း မိတ်ကပ်တွေအကုန်စင်အောင် ဖျက်တယ်။ ညလိမ်းခရင်မ် လိမ်းအိပ်တယ်။ လိုးရှင်းလည်း ပုံမှန်လိမ်းတယ်။ ပြီးတော့ Spa လည်း ပုံမှန်လေးတော့ လုပ်ဖြစ်ပါတယ်။

မေး။ ။ကျန်းမာရေးနဲ့အလှအပအတွက် ဘယ်လိုထိန်းသိမ်း နေထိုင် စားသောက်ဖြစ်လဲ။
ဖြေ။ ။အာဟာရဖြစ်တဲ့ အစားအစာ၊ အသားငါး၊ သေချာစားတယ်။ အသီးအရွက် တွေလည်း ကြိုက်လို့စားတယ်။ မနက်စာနဲ့ နေ့လယ်စာကိုတော့ အဓိကထားပြီး များများစားတယ်။ ညဘက်ကတော့ နည်းနည်းပဲစားတယ်။ အသီးဖျော် ရည်သောက်တာမျိုးလေးတွေလည်း ရှိတယ်၊။

မေး။ ။ ခန္ဓာကိုယ်အလှအပအတွက်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ။ ။ Gym ဆော့ဖြစ်တယ်။ ဒါပေမဲ့ ခရီးတွေကလည်း သွားနေရတော့ ပုံမှန်တော့မလုပ်ဖြစ်ဖူးဖြစ်နေတာပေါ့နော်။ ကိုယ်လက် လှုပ်ရှားတော့လုပ်ဖြစ်တယ်။ လမ်းလည်း လျှောက်ဖြစ်ပါတယ်။

မေး။ ။ အိမ်အစားအစာနဲ့ အပြင်အစားအစာဘာကိုပိုကြိုက်လဲ။
ဖြေ။ ။ အိမ်မှာစားရတာကို ပိုကြိုက်တယ်။ ဒါပေမဲ့လည်း မိုင်လေးတို့က ခရီးတွေထွက်ရတယ်ဆိုတော့ အပြင်အစား အစာတွေလည်းစားရတာပေါ့။ မိုင်လေးက အချဉ်၊အစပ်တွေ စားရတာကြိုက်တယ်။

မေး။ ။ ကျန်းမာရေးစစ်ဆေးတာမျိုးရော လုပ်ဖြစ်လား။
ဖြေ။ ။ ကျန်းမာရေး စစ်ဆေးမှုကိုလုပ်ဖြစ်တယ်။ မိုင်လေးတင် မဟုတ်ဘူး။ မေမေတို့လည်း လုပ်ဖြစ်တယ်။ ဘန်ကောက်သွားတိုင်း လုပ်ဖြစ်ပါတယ်။

မေး။ ။ ဆွေမျိုးအပေါင်းအသင်းတွေကိုရော ကျန်းမာရေးအကြံပေးဖြစ်လား။
ဖြေ။ ။ ပြောဖြစ်ပါတယ်။ မိုင်လေးက နှာစေး၊ချောင်းဆိုးတာက အစပေါ့၊ ပေါ့ပေါ့ဆဆမနေတတ်ဘူးပေါ့။ ဆေးသောက်တာ၊ ဆေးခန်းသွား တာမျိုး အရမ်းနေမကောင်းမှ ဆေးခန်းသွားတာမျိုးထက်စာရင် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေအထားမျိုးနဲ့ နေစေ ချင်တာ ရေလည်းများများသောက်ခိုင်းတယ်၊ ရေက လည်း လူတွေရဲ့ ခန္ဓာကိုယ်အတွင်းအပြင်ကို ကျန်းမာ စေတယ်လေ။


မေး။ ။ စိတ်ဖိစီးမှုတွေရှိရင် ဘယ်လိုထိန်းချုပ်ဖြစ်လဲ။
ဖြေ။ ။ မိုင်လေးကတော့ စိတ်ဖိစီးမှုတွေရှိရင် ဘာမှမစဉ်း စားဘူး၊ အိပ်ပစ်လိုက်တယ်။ သီချင်းနားထောင်တာမျိုး၊ စာဖတ်တာမျိုးတွေလည်း လုပ်ဖြစ်တယ်။ အေးအေး ဆေးဆေးဖြစ်သွားမှ စဉ်းစားတယ်။

မေး။ ။ ပရိသတ်အတွက် ကျန်းမာရေး စကားလက်ဆောင် ပြောပေးပါဦး။
ဖြေ။ ။ ပရိသတ်ကြီး ကျန်းမာရေးဂရုစိုက်ကြပါ။ ဖြစ်မှကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာမျိုးတွေ လုပ် စေချင်ပါတယ်။ အေးမြတဲ့ ရာသီဖြစ်တဲ့အတွက် အသားအရေလည်း ခြောက်ကပ်တယ်၊ ဒါကြောင့် ရေကို များများသောက်ကြပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top