Healthy Life Ad
International

၉၂ နှစ်အရွယ်မိခင်ကို ဝက်ခြံထဲထားသည့်သားကြောင့် လူအများစုဒေါသထွက်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံက သားတစ်ယောက်ဟာ အသက် ၉၂နှစ် အရွယ်မိခင်ကို ဝက်ခြံထဲမှာ နှစ်ပေါင်းများစွာ နေထိုင်စေတာ ကြောင့် လူအများဒေါသထွက်နေကြပါတယ်။
ယန်လို့အမည်ရတဲ့ အမျိုးသမီးကို သားနဲ့ချွေးမဖြစ်သူတို့က အစားအစာ၊ အဝတ်အထည်လုံလုံလောက်လောက် မထောက်ပံ့တဲ့အပြင် ပုံမှန်ရိုက်နှက်ကာ အော်ဟစ်ငေါက်ငန်းလေ့ရှိပါတယ်။ ယန်ရဲ့စိတ်ဆင်းရဲစရာဘဝကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုမီဒီယာ Weibo မှာ ပျံ့နှံ့သွားပြီးနောက်မှာ အင်တာနက်အသုံးပြုသူအများ ဒေါသထွက် ပေါက်ကွဲခဲ့ကြပါတယ်။ သံတိုင်တွေကြားမှာ မိဘကိုထားတဲ့ အခြေအနေမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ အင်တာနက်သုံးသူ တစ်ယောက်က ပြောဆိုပါတယ်။

လူမဆန်ကာ တိရစ္ဆာန်သာသာ စိတ်ဓာတ်ရှိသူတွေလို့ လည်း စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။ ယန်ရဲ့သားနဲ့ချွေးမ တို့ကတော့ သူတို့မိခင်ဟာ သူ့သဘောအတိုင်း အိမ်နဲ့ကပ်ရပ် မီးဖိုခန်းထဲသို့ ပြောင်းရွှေ့သွားတာဖြစ်ကြောင်းနဲ့ ဝက်ခြံထဲမှာထားတာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ယန်ကို လောလောဆယ် အစိုးရအရာရှိတွေက စောင့်ရှောက်ထားပြီး ဆေးရုံတက်ကုသမှုခံယူနေကာ အပြည့်အဝနေမကောင်းသေးဘူးလို့သိရပါတယ်။

တရုတ်သက်ကြီးလူဦးရေဟာ လျင်မြန်စွာကြီးထွားနေပြီး အားနည်းတဲ့သက်ကြီးစောင့်ရှောက်မှုစနစ်ကြောင့် သက်ကြီးရွယ်အိုတွေဟာ လုံလောက်တဲ့ စောင့်ရှောက်ကူညီမှုတွေမရရှိကြပါဘူး။
အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ငယ်ရွယ်သူတွေက မြို့ကြီးတွေသို့ ပြောင်းရွှေ့အလုပ်လုပ်တာကြောင့် သက်ကြီးရွယ်အိုတွေမှာ အခက်အခဲဒုက္ခခံစားရကြောင်းလည်း သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top