Healthy Life Ad
International

ဘုတ်ပြားလို တောင့်တင်းနေသည့် အင်ဒိုနီးရှားအမျိုးသမီး

၊ မိုးမင်းထွန်း ၊

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှ အသက် ၃၅နှစ်အရွယ်စူလာမီဆိုတဲ့ အမျိုးသမီးဟာ အရပ်အခေါ် ဝါးကျောရိုးရောဂါဆိုတဲ့ ထူးဆန်းတဲ့ဝေဒနာခံစားနေရပြီး တစ်ကိုယ်လုံးတောင့်တင်းနေပါတယ်။ ဆေးပညာအရ စူလာမီဟာ ရှားပါးတဲ့မျိုးဗီဇဆိုင်ရာရောဂါဖြစ်တဲ့ Ankylosing Spondylitis ခံစားနေရပါတယ်။


ဗှ ရောဂါဟာ ကျောရိုးနဲ့ ခန္ဓာကိုယ်နေရာအနှံ့ ရောင်ရမ်းမှုဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ နောက် ကျောအောင့်တာ၊ တစ်ကိုယ်လုံးတောင့်တင်းတာနဲ့ အမောဖောက်တာတို့လို လက္ခဏာတွေဖြစ်ပွားတတ်ပါ တယ်။ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘဲ လေ့ကျင့်ခန်းပြုလုပ်တာ၊ အကြောပြင်တာနဲ့ ဆေးသောက်တာတို့က နေသာ ဝေဒနာသက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဝေဒနာရှင် ၇၀ကနေ ၉၀ ရာခိုင်နှုန်း ခန့်ဟာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင် ကြပေမယ့် ရောဂါဆိုးရွားတဲ့ သူတွေမှာတော့ တစ်ကိုယ်လုံး တောင့်တင်းကာလှုပ်ရှားနိုင်ခြင်း မရှိတတ်ပါဘူး။

စူလာမီရဲ့ အခြေအနေဟာ ဆိုးရွားတာကြောင့် ၉၀နှစ်အရွယ်အဘွားဖြစ်သူက တစ်ချိန်လုံးပြုစုနေရပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်လုံး စူလာမီဟာ ခန္ဓာကိုယ်ကိုင်း ညွတ်တာ၊ ထိုင်တာတွေမလုပ်နိုင်ဘဲ လမ်းလျှောက်တဲ့အခါ တုတ်တစ်ချောင်းအကူအညီယူကာ လျှောက်ရလေ့ ရှိကြောင်း သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top