Healthy Life Ad
Q & A

၀ဲမပေါက်ချင် . . .

မေး။ ။လူနေထူထပ်တဲ့ အဆောင်လိုနေရာတွေမှာ တစ်ယောက်ပြီး တစ်ယောက် ဝဲပေါက်နေကြပါတယ်။ ဝဲမပေါက်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲရှင့်။
မသူဇာ၊ တွံတေး။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ တစ်ခါတလေ ဝဲရောဂါက လူပေါင်းများစွာ စုဝေးနေထိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေမှာ တွေ့ ရတတ်ပါတယ်။ လူစုဝေးနေတတ်တဲ့ အဆောင်မှာ တစ်ယောက်ယောက် ဝဲပေါက်ရင် အားလုံးဝဲကူးသွား နိုင်ပါတယ်။ ဝဲမပေါက်အောင် ကာကွယ်သင့်တဲ့နည်း လမ်းတွေကတော့-

– တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရပါမယ်။ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အသုံးအဆောင် စတာတွေကို အတူတူ မသုံးသင့်ပါဘူး။

– ပရိဘောဂသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

– ဝဲပေါက်နေသူကို သတိထားပြီး သန့်ရှင်းရေးကို ဂရုစိုက်လုပ်စေသင့်ပါတယ်။
လက်ကို သေချာဆေးရပါမယ်။

Most Popular

Healthy Life Ad
To Top