Healthy Life Ad
Life Style

ပေါင်ခြံအူကျခြင်း

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အမျိုးသားတွေမှာဖြစ်တဲ့ ပေါင်ခြံအူကျခြင်းကို သိပါရစေ ဆရာ။
ဖြေ။ ။ ပေါင်ခြံတွေကြားထဲမှာ ကြွက်သားတွေရှိပါတယ်။ အဲဒီ ကြွက်သားတွေထဲမှာ လမ်းကြောင်းလေးတစ်ခုရှိပါတယ်။ လူတိုင်းမှာရှိပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ ပေါင်ခြံကနေ ဝှေးစေ့အထိ ဆက်သွယ်ထားတဲ့ လမ်းကြောင်းရှိပါတယ်။ မွေးကင်းစအရွယ်တုန်းမှာ ဝှေးစေ့က ကျောက်ကပ်နဲ့ နီးနီးကပ်ကပ်ရှိပါတယ်။ ဝှေးစေ့ကနေ ကပ္ပာယ်အိတ်ကို ဆင်းတဲ့လမ်းကြောင်းလေးတစ်ခုရှိပါတယ်။ မွေး ပြီးတဲ့အခါမှာတော့ အဲဒီလမ်းကြောင်းက တဖြည်းဖြည်းပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တချို့က တော့မပျောက်သွားပါဘူး။ အဲဒီလမ်းကြောင်းရှိတိုင်း အူကျတာတော့မဟုတ်ပါဘူး။ ဗိုက်ထဲမှာ ဖိအားတွေ များလာတဲ့အခါ အူတွေက ထွက်ပေါက်ရှာလာပါတယ်။ အဲဒီအခါမှာ ခုနက ရှိနေတဲ့ လမ်းကြောင်းလေးထဲကို ကျွံကျလာပါတယ်။ အမျိုးသားတော်တော် များများမှာတော့ အဲဒီလမ်းကြောင်းက ကျန်နေတာ၊ ရှိနေတာများတော့ အူကျတတ်ပါတယ်။

မေး။ ။ အူကျတာက ဘယ်လိုအကြောင်းတွေကြောင့် အဖြစ်များတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဗိုက်အတွင်းထဲကို ဖိအားတွေများစေနိုင်တာ တွေဖြစ်တဲ့ ဝမ်းချုပ်လွန်းတာ၊ ဆီးဝမ်းအရမ်းညှစ်ရတာ၊ အလေးအပင်တွေ အရမ်းမယရတာ၊ ချောင်းတအားဆိုးတာတွေကြောင့် အူကျတာဖြစ်စေနိုင်ပါတယ်။ အဲဒီလို ဗိုက်ကြွက်သားတွေရဲ့ဖိအားများလာစေတဲ့ အတွက် ဗိုက်ထဲက အူနဲ့ကလိစာတွေက ထွက်ပေါက်ရှာလာတဲ့အခါ ခုနကလမ်းကြောင်းက ပွင့်သွားတတ်ပြီး ကျွံကျတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

ဗိုက်အတွင်းထဲကို ဖိအားတွေများစေနိုင်တာတွေဖြစ်တဲ့ ဝမ်းချုပ်တာများတာ၊ ဆီးဝမ်းအရမ်းညှစ်ရတာ၊ အလေးအပင်တွေ အရမ်းမ,ရတာ၊ ချောင်းတအားဆိုးတာတွေကြောင့် အူကျတာဖြစ်စေနိုင်ပါတယ်။ အဲဒီလို ဗိုက်<ကက်သားတွေရဲ့ ဖိအားများလာစေတဲ့အတွက် ဗိုက်ထဲက အူနဲ့ကလိစာတွေက ထွက်ပေါက်ရှာလာတဲ့အခါ . . .

မေး။ ။ အောက်ခံဘောင်းဘီ မဝတ်ရင် အူကျတတ်တယ်လို့ တချို့က ဆိုကြပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ။ ။ အောက်ခံဘောင်းဘီမဝတ်ရင် အူကျတတ်တယ်ဆိုတာ မဆိုင်ပါဘူး။

မေး။ ။ အူကျတာကို ဆေးဝါးနဲ့ ထိန်းချုပ်လို့ ရပါသလား ဆရာ။
ဖြေ။ ။ အူကျတာ (Hernia) မှန်သမျှကို သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုလို့မရပါဘူး။ ခွဲစိတ်ကုသမှရတဲ့ ရောဂါအမျိုးအစားတွေ ဖြစ်ပါတယ်။

မေး။ ။ အူကျတဲ့အခါ ဘယ်လို ကုသရပါသလဲ ဆရာ။
ဖြေ။ ။ အူကျတာကိုခွဲတာက အရေးပေါ်ခွဲရတာလည်း ရှိပါတယ်။ အေးအေးဆေးဆေးခွဲရတဲ့ အခြေအနေ လည်း ရှိပါတယ်။ အူကျတဲ့ အဆင့်အနေအထားတွေကလည်း အမျိုးမျိုးရှိပါတယ်။ တစ်မျိုးက ခုနက ပြောခဲ့သလိုပဲ ဗိုက်ဖိအားများလာပြီး လမ်းကြောင်း ပွင့်သွားတယ်။ ပေါင်ခြံဖောင်းလာတယ်။ ပြီးတော့ အူကျွံသွားပါတယ်။ အဲဒီအခါမှာ ပေါင်ခြံက ဖောင်းနေလား၊ ဘယ်လောက်ဖောင်းနေလဲ၊ အူက ကပ္ပာယ် အိတ် ဘယ်လောက်အထိ ကျွံသွားလဲ၊ အဆုံးထိ ကျွံ သွားလားဆိုတာတွေကြည့်ရပါတယ်။ တစ်ခါတလေ ပေါင်ခြံ ဘယ်လောက်ဖောင်းဖောင်း၊ ပြန်ဝင်သွားနိုင်တာမျိုးရှိပါတယ်။ အဲဒါကိုတော့ ပထမအဆင့်လို့သတ် မှတ်ပါတယ်။ အဲဒါမျိုးဆိုရင် အေးအေးဆေးဆေးမှ ခွဲပါတယ်။

အူကျွံတာများသွားတဲ့အခါ၊ ပြန်မဝင်နိုင်တော့ပါဘူး။ တစ်ခါတစ်လေကျတော့ အူက နည်းနည်းစီ ကျွံနေပြီး အသားတွေက ကပ်သွားတာမျိုးဖြစ်တဲ့ အခါလည်း ပြန်မဝင်နိုင်တော့ပါဘူး။ အဲဒါမျိုးဖြစ်ရင် လူနာကအရမ်းနာနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် ခြောက်နာရီအတွင်း အူပြန်ဝင်ရင်ဝင်၊ မဝင်ရင် အူက ပုပ်သွား တတ်ပါတယ်။ ပုပ်သွားရင်တော့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါက ဒုတိယအဆင့်ပါ။
တတိယအဆင့်ကတော့ အူကျွံရုံတင် မဟုတ်တော့ဘဲ အူလမ်းကြောင်းတစ်ခုလုံးပါ ပိတ်သွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်ဖောင်းလာမယ်၊ အန်မယ်၊ အရမ်းနာမယ် အစရှိတာတွေဖြစ်နိုင်ပါတယ်။

ပထမအဆင့်ဆိုရင် အေးအေးဆေးဆေး ရက်ပြန်ချိန်းပြီးမှ ခွဲပေးလို့ရပါတယ်။

ဒုတိယအဆင့်ဆိုရင် ၆ နာရီအတွင်း ဝင်အောင် စောင့်ကြည့်ပါတယ်။ မဝင်ရင်တော့ ချက်ချင်းခွဲရပါတယ်။
တတိယ အဆင့်ဆိုရင်တော့ချက်ချင်းကို ခွဲစိတ်ကုသမှုပေးရပါတယ်။ တတိယအဆင့်မှာလည်း အူလမ်းကြောင်းပိတ်သွားတဲ့အတွက် အူတွေပုပ်သွားနိုင်ပါတယ်။ ခွဲတဲ့အချိန်မှာ အူတွေ မပုပ်သေးဖူးဆိုရင် တော့ လွယ်ကူပါတယ်။ အူတွေပုပ်နေပြီဆိုရင်တော့ ဖြတ်ထုတ်ရတာတွေပါ လုပ်ရမှာဖြစ်ပါတယ်။ ဖြတ် ထုတ်ရတဲ့အခါမှာတော့ နည်းနည်း အခက်အခဲတွေ ရှိနိုင်ပါတယ်။ ပြဿနာတွေရှိနိုင်ပါတယ်။ အူကျရင် အမြန်ခွဲရတဲ့ အကြောင်းရင်းကတော့ အဲဒီလိုအူပိတ် သွားတာတွေ၊ ပုပ်တာတွေ မဖြစ်အောင် ခွဲခိုင်းရတာ ဖြစ်ပါတယ်။

မေး။ ။ အူကျတာစောစော မခွဲစိတ်ဘဲ ထားရင် ဘာဖြစ် တတ်ပါသလဲ ဆရာ။
ဖြေ။အူကျတုန်းက ပြန်ဝင်သွားတဲ့အတွက် မခွဲဘဲ ထား ထားပြီး ကြာမှခွဲတဲ့အခါမှာ ဘာဖြစ်တတ်လဲဆိုရင် အူကျပြီး သုံးလလောက်ကြာတော့ အူပိတ်နိုင်ခြေက သုံးရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အူ ကျတာ ကြာလေလေ၊ အူပိတ်နိုင်ခြေ များလေလေဖြစ် ပါတယ်။ ငယ်တုန်း အူကျတာကလည်း ပထမအဆင့် လိုမျိုးဖြစ်တာဆိုရင် သက် သက်သာသာနဲ့ ခွဲစိတ်မှုခံယူနိုင်ပါတယ်။ အသက်ကလည်း ကြီးလာမှ အူကလည်း ကပ်နေတာတွေ၊ ပိတ်တာတွေ ဖြစ်လာမှ ဆို ရင်တော့ ပိုပြီးခွဲစိတ်ရတာလည်း ခက်ခဲသလို ခံစားမှု တွေလည်း ပိုများလာနိုင်ပါတယ်။ အဲဒါအပြင် ပေါင်ခြံ အရမ်းဖောင်းနေတာတို့၊ ဘောင်းဘီဝတ်မရတာတို့လို အမြင်မတော်တာတွေလည်း ဖြစ်နေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top