Healthy Life Ad
Q & A

ရင်သားအကျိတ်က စိုးရိမ်ရလား . . .

မေး. ညီမညာဘက်ရင်သားမှာ အကျိတ်ပေါက်တာ ပထမခွဲစိတ်တာကင်ဆာမဟုတ်ဘူးတဲ့။ အရည်အိတ်တဲ့။ အခုခွဲထားတဲ့နေရာဘေးမှာ နောက်တစ်လုံးပြန်ပေါက်နေတယ်။ နာနေတယ်။ စိုးရိမ်ရလား ပြန်ဖြေပေးပါနော်။ ပထမခွဲစိတ်တာ ၁၀ သိန်းလောက်ကုန်တယ်။
Kaung Din (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ရင်သားမှာဖြစ်တဲ့ အကျိတ်အများစုဟာ ကင်ဆာမဟုတ်ပါဘူး။ အကျိတ်ရှိရင် စမ်းသပ်စစ်ဆေးပြီး လိုအပ်ရင် အပ်သေးသေးလေးထိုးသွင်းပြီး အသားစနမူနာစစ်လို့ရပါတယ်။ ရတဲ့အဖြေပေါ်မူတည်ပြီး လိုသလိုကုသရပါတယ်။ စိုးရိမ်ရသလားဆိုတာကတော့ စစ်ဆေးပြီးရတဲ့ အဖြေပေါ်မူတည်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top