Healthy Life Ad
Q & A

သွေးတိုးရှိပြီး နေလို့သိပ်မကောင်း . . .

မေး။ ။ ဆရာရှင့် . . ကျွန်မမေမေက အသက် ၆၈နှစ်ပါ။
သွေးတိုးနဲ့ ကျီးပေါင်းရောဂါရှိပါတယ်။ သွေးထိန်းဆေးလည်း သောက်နေတာကြာပါပြီ။ အခုတလောရင်ပြည့်ပြီး နေလို့မကောင်းဘူး ပြောပါတယ်။နယ်က အထူးကုနဲ့လည်းပြထားပြီး ဆေးသောက်နေတာ ၅ ရက်ရှိပါပြီ။ မသက်သာဘူးပြောပါတယ်။ ဘာဆက် လုပ်သင့်ပါလဲရှင်။
Nang Apple (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ၅ ရက်ဆေးသောက်ပြီး ရင်ပြည့်နေတုန်းပဲဆိုရင် ပြန်လည် ပြသပြီး စစ်ဆေးကုသမှု ယူသင့်ပါတယ်။ လိုအပ်ရင် ဆေးပြောင်းပေးတာမျိုး၊ ဆေးအတိုးအလျှော့ လုပ်တာမျိုး လုပ်ပေးပါလိမ့်မယ်။ နေ့ခင်းဘက် နေပူလွန်းတဲ့အခါ အပူရှပ်တာ၊ အပူမိတာ မဖြစ်အောင် ဂရုစိုက်ပါ။ အေးမြတဲ့နေရာမှာနေပြီး ရေကို အလုံအလောက်သောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top