Healthy Life Ad
International

ကလေးမွေးပြီး ကိုးရက်အကြာမှာ ချပ်ရပ်နေတဲ့ ဝမ်းဗိုက်နဲ့ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ကြံ့ခိုင်ရေးဆရာမတစ်ယောက်ဟာ ကလေးမွေးပြီး ကိုးရက်အကြာမှာ ချပ်ရပ်နေတဲ့ဝမ်းဗိုက်ကိုပြသခဲ့ပါတယ်။ Instagram လူမှုကွန်ရက်မှာပရိသတ်၂ သန်းကျော်ရှိတဲ့ အသက် ၂၈ နှစ်အရွယ် နာမည်ကျော်ကြံ့ခိုင်ရေးဆရာမ မက်စီအေရီယာစ်ဟာ ကိုယ်ဝန်ဆောင်နေချိန်အတွင်း သူရဲ့နေထိုင်မှုပုံစံကို ပရိသတ်တွေကို တင်ဆက်လေ့ရှိပါတယ်။ အစားအသောက်ကောင်းကောင်းစား၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်လေ့ရှိပြီး ကိုယ်ဝန်နဲ့ ဒိုက်ထိုးတဲ့ဗီဒီယိုဖိုင်ကို ပရိသတ်အားပြသခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ၆ ပေါင် ၅အောင်စရှိတဲ့ ကလေးငယ်ကို သဘာဝအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားပြီးချိန်မှာ ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်နိုင်သေးပေမယ့် ကလေးကိုပွေ့ချီကာ ရိုက်ယူထားတဲ့ ဝမ်းဗိုက်ချပ်ရပ်နေတဲ့ဓာတ်ပုံကို လူမှုမီဒီယာပေါ်တင်ခဲ့ပြီးနောက် ပရိသတ်တွေအကြား အံ့အားသင့်စရာဖြစ်သွားခဲ့ပါတယ်။ ကလေးနို့တိုက်ဖို့ အပိုကယ်လိုရီတစ်နေ့ ၆၀ဝကနေ ၈၀ဝ အကြားရရှိဖို့ စားသောက်နေကြောင်းသိရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကျန်းမာရေးလိုက်စားတဲ့နေထိုင်မှုပုံစံနဲ့ စားသောက်ပုံတို့ကြောင့် ကလေးကို လျှောလျှောရှူရှူမွေးဖွားနိုင်ရုံမက ကလေးမွေးပြီးနောက် ပုံမှန်ခန္ဓာကိုယ်ကို အလျင်အမြန်ပြန်ရခဲ့တာဖြစ်ကြောင်း မက်စီက ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top