၊ မိုးမင်းထွန်း ၊
အမေရိကန်ပြည်ထောင်စုမှ အသက်၂၃နှစ် အရွယ် ဂျက်စမင်ဖလွိုက်ဟာ Fibrodysplasia Ossificans Progressiva (FOP) ခေါ် ကြွက်သားတွေထဲမှာ အရိုးစုအသစ်ဖြစ်ပေါ်တဲ့ရောဂါ တစ်မျိုးခံစားနေရပါတယ်။ တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားသူ လူ၈၀ဝသာရှိပြီး ဂျက်စမင် အသက် ၅ နှစ်အရွယ်မှာ ရောဂါရှိနေကြောင်း စတင်သိရှိခဲ့တာပါ။
ကြွက်သားတွေက အရိုးအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာနေတာကြောင့် မေးရိုး၊ လည်ပင်း၊ ပခုံး၊ တံတောင်နဲ့ တင်ပါးတွေ လှုပ်ရှားနိုင် ခြင်းမရှိတော့ပါဘူး။ လမ်းလျှောက်ဖို့တောင် ခက်ခဲလာနေပါတယ်။ ကျောက်တုံးလူသားရောဂါလို့ အရပ်ခေါ်နေကြတဲ့ ဒီရောဂါကြောင့် ဝေဒနာရှင်တွေမှာ အရိုးစုအသစ်ပေါ် ထွက်လာပြီး နောက်ဆုံးမှာ မလှုပ်မရှားနိုင်ဖြစ်လာတဲ့အတွက် ကျောက်တုံးနဲ့တင်စားထားကြတာပါ။
ဂျက်စမင် ကတော့ ရောဂါကြောင့် မသန်စွမ်းဖြစ်မလာခင် နေရာစုံခရီးသွားတာနဲ့ တခြားလုပ်ချင်တာတွေ လုပ်ဖို့ ရည်မှန်းထားကြောင်း ပြောပြပါတယ်။ လောလောဆယ် အဆစ်တွေထဲမှာ အရိုးအပိုကြီးထွားလာကာ ဒုတိယအရိုးစုဖွဲ့စည်းနေတာကြောင့် ပခုံးကျော်ပြီး လက်မမြှောက်နိုင်တော့ပါဘူး။ ရောဂါကိုမကြောက်ရွံ့ အောင်ကြိုးစားရတာ အခက်ခဲဆုံးဖြစ်ကြောင်းနဲ့ စိတ်ကူးအိပ် မက်တွေတတ်နိုင်သလောက် အကောင်အထည် ဖော်ဖို့ကြိုးစားနေကြောင်း ဂျက်စမင်က ပြောပြခဲ့ပါတယ်။
(Ref; MTO)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)