Healthy Life Ad
International

ကလေးမွေးပြီး ၇နှစ်ကြာ သတိမေ့မြောသွားသည့်မိခင် ၇နှစ်အရွယ် သမီးနှင့်ပြန်တွေ့ဆုံ

၊ မိုးမင်းထွန်း ၊

အမျိုးသမီးတစ်ယောက်ဟာ ၇နှစ်ကြာ သတိလစ်မေ့မြောသွားရာက နိုးထလာတာကြောင့် ဆရာဝန်တွေတောင် အံသြတုန်လှုပ်ခဲ့ရပါတယ်။

ဆားဘီးယားနိုင်ငံမှ အသက် ၂၅နှစ်အရွယ် ဒန်နီဂျယ်လာကိုဗာဆီဗစ်ချ်ဟာ ၂၀ဝ၉ ခုနှစ်က ကလေးမွေးနေရင်း သွေးဆိပ်တက်တာကြောင့် သတိလစ်မေ့မျောသွားခဲ့ပါတယ်။ ၇နှစ်ကြာပြီးမှ နိုးထလာတာကြောင့် နိုင်ငံရဲ့အချိန်အကြာဆုံး ပြန်လည်နိုးထလာသူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ အသက် ၇နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သမီးဖြစ်သူနဲ့လည်း ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။ သမီးဖြစ်သူက ကျောင်းဆင်းတိုင်း မိခင်အနားမှာ နီးနီးကပ်ကပ်နေကာ စိတ်ပျော်ရွှင်အောင် ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ကိုဗာဆီဗစ်ချ်ဟာ တက်ဘလက်ဖုန်းနဲ့ ဖောင်တိန်တောင် ကိုင်နိုင်နေပြီလို့သိရပါတယ်။ ကိုယ်အလေးချိန် တိုးလာနေပြီဖြစ်ပြီး ပြုံးပြတာ၊ ဒေါသထွက်တာလို တုံ့ပြန်မှုမျိုးပြုလုပ်နိုင်နေပြီလို့ သိရပါတယ်။ ကိုဗာဆီဗစ်ချ်ဟာ လောလောဆယ် ဂျာမနီနိုင်ငံရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုမှာ တက်ရောက်နေပြီး နောက်ထပ်ကုသမှုခံယူဖို့ စတာလင်ပေါင် ၄၃၀ဝ၀နီးပါး ထပ်မံကုန်ကျဖို့ရှိနေပါတယ်။ မိသားစုနဲ့မိတ်ဆွေအပေါင်းအသင်းတွေက တိုက်ကွမ်ဒိုပြိုင်ပွဲတစ်ခုကျင်းပပြီး ဆေးကုသစရိတ်ရရှိဖို့ ကြိုးစားပေးနေကြပါတယ်။ တခြားစေတနာရှင်တွေဆီကလည်း အကူအညီတောင်းခံထားကြောင်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top