Healthy Life Ad
International

အိမ်စာမလုပ်သောသားငယ်ကို လက်နှစ်ဖက်တုပ် အိမ်ပြင်ထုတ်ထားသည့်ဖခင် ဝေဖန်ခံရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ ရောင်ချူအန်ခရိုင်မှ ဖခင်တစ်ယောက်ဟာ အိမ်စာမလုပ်တဲ့ အသက် ၁၀နှစ်အရွယ်သားငယ်ကို လက်နှစ်ဖက်ကြိုးနဲ့တုပ်ကာ အိမ်အပြင်ထုတ်ထားတာကြောင့် ဝေဖန်ခံနေရပါတယ်။ အိမ်နီးချင်းတွေက ကလေးရဲ့အဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်လိုက်တာကြောင့် လူအများ ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။

အိမ်နီးချင်းတွေအပြောအရ ဖခင်ဟာ သစ်သီးဆိုင်ဖွင့်ထားပြီး သားနှစ်ယောက်ရှိကာ သားတွေအပေါ် စည်းကမ်းအလွန်တင်းကြပ်ကြောင်း သိရပါတယ်။ အိမ်စာလုပ်မလာလို့ ဆရာတွေရဲ့ တိုင်စာရောက်လာပြီးနောက် သားငယ်ကို ပလပ်စတစ်ကုန်သေတ္တာပေါ် ဒူးထောက်ခိုင်းကာ လက်နှစ်ဖက်ကြိုးတုပ်ပြီး အိမ်အပြင်ထုတ်ထားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဒီလိုအပြစ်ပေးတာဟာ ဘာမှမပြင်းထန်ကြောင်းနဲ့ ဟာသသဘောလောက်သာဖြစ်ကြောင်း ရှင်းပြပါတယ်။ လူမြင်ကွင်းမှာ အပြစ်ပေးတာကြောင့် သားငယ်အသိတရားရပြီး အိမ်စာပုံမှန်ပြန်လုပ်လာစေမှာဖြစ်တယ်လို့ ပြောပါတယ်။ နာရီအနည်းငယ်ကြာပြီးနောက်မှာ ကလေးကို အပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ သူ့ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်တဲ့ အိမ်နီးချင်းတွေကို စိတ်ဆိုးနေပြီး အမှုဖွင့်အရေးယူဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top