Healthy Life Ad
Q & A

အင်ပြင်ထွက်ခြင်း

မေး။ ။ အင်ပြင်တွေ တအားထွက်ပါတယ်။ တစ်ကိုယ်လုံး မျက်နှာကအစ ခေါင်းထဲတွေလည်း ပေါက်ပါတယ်။ဆေးစစ်တော့လည်း ဘာမှမဖြစ်ပါဘူး။ သွေးဖြူဥနည်းနည်းလေးပဲများတယ်၊ ဘာမှမဖြစ်ဘူး ပြောပါ တယ်။ ဆေးထိုး၊ ဆေးစားလည်း မသက်သာဘူး။ ခဏပဲသက်သာပြီးပြန်ဖြစ်ပါတယ်။ အခုဆို Cetrizine 10 mg ကို နေ့တိုင်းသောက်နေရပါတယ်။ တစ်ရက်လောက်မသောက်ဘဲနေကြည့်တယ်။ မရ ဘူးဆရာ။ အဲဒီဆေးသောက်တာကြာပြီ၊ တစ်နှစ်လောက်ရှိတော့မယ်။ ရေရှည်သောက်သုံးလို့ ရပါသလား။ ဘေးထွက်ဆိုးကျိုးတွေ ရှိပါသလားရှင့်။ ဘယ်လိုမျိုး ကုသမှုလုပ်ရပါမလဲဖြေကြားပေးပါရှင်။ ပင်လယ်စာ၊ မြေပဲတွေလည်း မစားပါဘူးရှင်။ အမွှေးအကြိုင်တွေလည်း မသုံးပါဘူး။
ဒီမို (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ အင်ပြင်ထွက်တာ၊ ယားယံတာတွေဟာ ရောဂါပိုးတွေကြောင့်ဖြစ်နိုင်သလို ခုခံအားစနစ်လွန်ကဲတဲ့ တချို့အခြေအနေမှာလည်း ဖြစ်တတ်ပါတယ်။
Cetrizine ဆေးတာရှည် သောက်တာကြောင့် ဘေးကြီးကြီးမားမား မရှိပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းကို သိဖို့လိုပါတယ်။ သွေးစစ်တာအပြင် အသေး စိတ် စစ်ဆေးမှု ခံယူပြီး ကုသစေလိုပါတယ်။ သန်ချ ဆေး ခြောက်လတစ်ခါ သောက်ဖို့လည်း လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top