Healthy Life Ad
Q & A

HIV/AIDS လက္ခဏာများ

မေး.မင်္ဂလာပါဆရာ . . HIV/AIDS လိုရောဂါမျိုးရရင် ဘယ်လိုလက္ခဏာပြတတ်ပါသလဲဆရာ။
TA (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. HIV ဆိုတာက ခုခံအားကျရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအမည်ပါ။ HIV ပိုးကူးခံရပြီး ကြာလာရင် AIDS ခုခံအားကျဆင်းမှုရောဂါစု ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ HIV ပိုးဝင်ခါစမှာ အများအားဖြင့် သိသာထင်ရှားတဲ့ လက္ခဏာမပြပါ။ တချို့မှာသာ တုပ်ကွေးဖျားသလိုမျိုးသာ ဖြစ်တတ်ပါတယ်။ ရောဂါပိုး ဝင်ရောက်တာကြာလာခဲ့ရင်တော့ ခုခံအားစနစ် ကျဆင်းလာပါတယ်။ ဒီအခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးတွေ ဝင်ရောက်ထိတွေ့ရင် ရောဂါဖြစ်တော့တာပါပဲ။ လူကောင်းတွေမှာ ခုခံအားစနစ်က တားဆီးပေးထားတဲ့အတွက် တော်ရုံနဲ့ရောဂါမဖြစ်တာပါ။ AIDS အဆင့်မှာတော့ ရောဂါပိုးပေါင်းစုံဝင်လာပြီး ကိုယ်ခန္ဓာက မတိုက်ဖျက်နိုင်ဖြစ်တဲ့အတွက် ရောဂါလက္ခဏာအစုံပြကာ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top