Healthy Life Ad
International

အဝလွန်နေတယ်လို့ထင်နေတဲ့ အမျိုးသမီးရဲ့ သားအိမ်အတွင်းမှ ပေါင်၁၄၀အလေးချိန်ရှိ အရည်အိတ်ကြီးကိုတွေ့ရှိ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ပင်ဆဲလ်ဗေးနီးယားမှ အသက် ၇၁ နှစ်အရွယ် မေရီကလန်စီဟာ ပေါင် ၃၅၀ ကိုယ်အလေးချိန်ရှိခဲ့ပါတယ်။ စာအုပ်တွေဖတ်ကာ စားသောက်တဲ့ပုံစံမျိုးစုံပြောင်းလဲ၊ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပေမယ့် ကိုယ်အလေးချိန်ကျဆင်းသွားခြင်း မရှိခဲ့ပါဘူး။ အသက်အရွယ်ကြောင့် ဝနေတာလို့ ထင်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့နှစ်နိုဝင်ဘာက မေရီရဲ့ခြေထောက်မှာ သွေးခဲတဲ့ ဝေဒနာကြောင့် ဆေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ စစ်ဆေးမှုတွေအပြီးမှာ သားအိမ်ထဲမှာ ပေါင် ၁၄၀အလေးချိန်ရှိ သားအိမ်ကင်ဆာအဆင့် တစ်အရည်အိတ်ကြီးဖြစ်တည်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

အရည်အိတ်ကြီးဟာ မေရီရဲ့သားအိမ်ထဲမှာ ကြီးထွားလာနေတာ ၁၆ နှစ်ခန့်အချိန်ကြာမြင့်နိုင်ကြောင်း ဆရာဝန်တွေက ယူဆနေကြပါတယ်။ ငါးနာရီကြာမြင့်တဲ့ ခွဲစိတ်မှုမှာ ပေါင်၁၄၀ရှိ အရည်အိတ်ကြီး သာမက ပေါင် ၄၀ အလေးချိန်ရှိအပိုအရေပြားတွေကိုပါ ဆရာဝန်တွေက ဖယ်ရှားပေးခဲ့ပါတယ်။

ဒီလောက်ကြီးတဲ့ အရည်အိတ်ကြီးဖြစ်တည်နေတာကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ပေမယ့် ခွဲစိတ်မှုအပြီးမှာ ပေါ့ပါးသွက်လက်ကာ နေထိုင်ရတာကောင်းလာခဲ့ကြောင်းပြောပြပါတယ်။ ဆေးရုံက ဆင်းနိုင်ကာ ကျန်းမာလာနေပြီဖြစ်တဲ့ မေရီရဲ့ကိုယ်အလေးချိန်ဟာ အခုအခါ ပေါင်၁၅၀ အောက်သာရှိတော့ကြောင်း သိရပါတယ်။

Ref; DS

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top