Healthy Life Ad
International

အသားစားကင်ဆာဖြစ်နေတဲ့ ထိုင်းအမျိုးသမီး

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ အသက်၅၅နှစ်အရွယ် ဗီရမ်ဝမ်မန်နိုဟာ လွန်ခဲ့တဲ့နှစ်က သွားကိုက်ဝေဒနာခံစားခဲ့ရတာကြောင့် ဆေးမြီး တိုတွေနဲ့သာ ကုသနေခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ သူရဲ့သွားဖုံးဟာ ပိုး ဝင်ပြီးရောင်လာခဲ့ပါတယ်။ မကြာခင် တူမလေးကျောင်း ကြိုအသွားလမ်းမှာ သတိလစ် မေ့မျောသွားတာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

ဆရာဝန်တွေက မျက်နှာအထိကူးစက်စပြုနေတဲ့ ဗီရမ်ရဲ့ရောင်နေတဲ့ တစ်သျှူးနမူနာတွေကို စစ်ဆေးခဲ့ရာမှာ ကင်ဆာရှိနေ ကြောင်းတွေ့ရှိခဲ့ပါတယ်။ ကင်ဆာဆေး သွင်းကုသမှုသုံးကြိမ်ခံယူခဲ့ပြီးနောက် ဗီရမ်ဟာ အားအလွန်နည်းနေတာကြောင့် နောက်ထပ်တစ်ကြိမ် ကင်ဆာဆေးသွင်းဖို့အတွက် ခံနိုင်ရည်မရှိမှာကို ဆရာဝန်တွေက စိုးရိမ်နေကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ ပုံမှန်မှီဝဲနေရပြီး အစာပျော့ပျော့တွေ သာစားပြီး အသက်ဆက်နေရပါတယ်။နောက်တစ်ကြိမ်ကုသဖို့အတွက် ဆေးရုံသို့ သွားရောက် စရိတ်မရှိတော့တာကြောင့် ဗီရမ်မှာ အခက်ကြုံနေရကြောင်းလည်း သိရပါတယ်။ ခင်ပွန်းဖြစ်သူက အသက်ကြီးနေပြီဖြစ်လို့ ဘာအလုပ်မှမလုပ်နိုင်တော့ဘဲ သားသမီးသုံးဦးကလည်း အိမ်မှထွက်သွား ပြီးကတည်းက အဆက်အသွယ်မရတော့ဘူးလို့ သိရပါတယ်။

အခုအခါ မရှိဆင်းရဲသားတွေကို ကူညီပေးနေတဲ့ ထိုင်းနာမည်ကြီးဘုန်း တော်ကြီးဘဟင်က ဗီရမ်ကို ကူညီပေးနေပြီဖြစ်ပါတယ်။ ဒါက ‘ပညာမတတ်၊ ဆေးပညာဗဟုသုတမရှိတာကြောင့် ဆေးမြီးတိုတွေ နဲ့ကုသရင်း ရောဂါပိုဆိုးသွားတဲ့ ဥပမာတစ်ခုပါပဲ’လို့ ဘုန်းတော်ကြီးဘဟင်က ပြောပြခဲ့ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top