Healthy Life Ad
International

သေးငယ်သော မွေးကင်းစလေးများ ဖွံ့ဖြိုးကြီးထွားစေရန် ပွေ့ဖက်ထိန်းကျောင်းပေးသည့် စေတနာ့ဝန်ထမ်းများ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် ဆေးရုံတစ်ရုံက ကလေးငယ်ပွေ့ဖက်ထိန်းကျောင်းပေးတဲ့ လူမှုကူညီရေးအစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။ သူနာပြုတွေက တစ်ချိန်လုံး ကလေးတွေအနားမှာနေပြီး ထိန်းကျောင်းပေးဖို့ မဖြစ်နိုင်တာကြောင့် အစီအစဉ်ကို စတင်လိုက်တာလို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ကလေးငယ်တွေက အများအားဖြင့် လမစေ့ဘဲ ဒါမှမဟုတ် ပေါင်မပြည့်ဘဲ မွေးဖွားလာသူတွေ ဖြစ်ပါတယ်။ ဒီလိုသေးငယ်တဲ့ ကလေးငယ်တွေကို လုံလောက်တဲ့ ဖွံ့ဖြိုးမှုမရောက်ခင်မှာ ဆေးရုံအထူးကြပ် မတ်ဆောင်မှာထားရပြီး တချို့က ဒီနေရာမှာ ၄-၅ရက် ကြာနေထိုင်ရကာ တချို့ကတော့ လအတော်ကြာနေထိုင်ရပါတယ်။ အလုပ်လုပ်တဲ့မိဘတွေအဖို့ ကလေးငယ်အတွက် အချိန်ပေးဖို့ခက်ခဲပါတယ်။

သုတေသနအရ ပွေ့ဖက်ထိန်းကျောင်းပေးတာက ကလေးငယ်တွေ တည်ငြိမ်စေတာ၊ စိတ်ဖိအား လျော့စေတာနဲ့ ကောင်းကောင်းအိပ်စက်တာတို့ ဖြစ်စေကာ ဦးနှောက်ဖွံ့ဖြိုးမှုမြန်စေပါတယ်။ အစီအစဉ်မှာ ပါဝင်မယ့် စေတနာ့ဝန်ထမ်းအရေအတွက်ပြည့်သွားပြီဖြစ်လို့ နောက်ထပ်လျှောက်လွှာအသစ် လက်မခံတော့ကြောင်း သိရပါတယ်။ ပါဝင်သူတွေကို ကလေးငယ်ထိန်းကျောင်းဖို့ သင်တန်းအရင်ပေးထားပြီး အများစုက သက်ပြည့်အငြိမ်းစားယူထားသူတွေဖြစ်ကာ ဆေးလောကနောက်ခံ အတွေ့အကြုံရှိသူတွေ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတွေက ကလေးငယ်တွေအနားမှာနေထိုင်ကာ လမ်းလျှောက်ရင်း၊ ထိုင်ရင်းပွေ့ဖက် ထိန်းကျောင်းပေးကြပြီး မိဘတွေကလည်း ဒီအစီအစဉ်ကို သဘောကျနေကြကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top