Healthy Life Ad
International

စိတ်မနှံ့သည့် သားသုံးဦးကို ကျွေးမွေးပြုစုရန် အသက် ၉၀တိုင် အလုပ်လုပ်သော အမယ်အို

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ ဟူပေခရိုင်မှ မိန့်အရှီအိန်က အသက် ၁၄နှစ်သမီးအရွယ်မှာ တစ်ဝမ်းကွဲတော်စပ်သူ အစ်ကိုနဲ့အိမ်ထောင်ပြုခဲ့ပါတယ်။ သမီးသုံးယောက်နဲ့ သားလေးယောက်မွေးဖွားခဲ့ပြီး သားလေးယောက်မှာ သုံးယောက်က စိတ်မနှံ့ခဲ့ကြပါဘူး။

မိန့်က စိတ်မနှံ့တဲ့ သားသုံးယောက်ကို ကျွေးမွေးပြုစုခဲ့ရာမှာ အသက် ၉၀ အရွယ်အထိ ယာခင်းထဲမှာ အလုပ်လုပ်နေခဲ့ပါတယ်။ သူသေသွားရင်တောင် သားတွေမငတ်ဖို့ အလုပ်လုပ်နေခဲ့တာလို့ ဆိုပါတယ်။ အသက် ၉၀ အရွယ်ရောက်မှသာ အလုပ်လုပ်တာနားခဲ့ပါတယ်။ သားတွေကို စောင့်ရှောက်မယ့်သူမရှိမှာ စိုးရိမ်တာကြောင့် နေမကောင်းဖြစ်တဲ့အခါ ဆေးရုံတောင်မတက်ခဲ့ပါဘူး။ နှစ် ၇၀လုံးလုံး ရွာကနေ ဘယ်မှမသွားခဲ့ဘူးလို့ သိရပါတယ်။ စိတ်မနှံ့တဲ့သားအကြီးဆုံးနဲ့ ဒုတိယသားတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြပြီး ၂လအကြာ အသက် ၉၂ နှစ်အရွယ်မှာ မိန့်ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ကျန်ရစ်သူသားအတွက် ဆန်အိုးသုံးအိုး၊ ပြောင်းနဲ့ မုန်ညင်းစေ့ အမြောက်အများ၊ ကြက်သုံးကောင်နဲ့ နွားတစ်ကောင်ချန်ထားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ခါနီးမှာ နောက်ဆုံးကျန်ရစ်တဲ့ စိတ်မနှံ့သူသားကို ကျန်ရစ်သူသားသမီးတွေက စောင့်ရှောက်ပေးကြဖို့မှာခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top