Healthy Life Ad
International

လူနာသေပြီးနောက် လိုင်စင်မရှိသည့် တရုတ်အပ်စိုက်ဆရာ ထောင်၁၀နှစ်ကျ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ လိုင်စင်မရှိတဲ့ တိုင်းရင်းဆေးဆရာတစ်ယောက်ဟာ အပ်စိုက်ကုသရင်း လူနာသေဆုံးသွားတာကြောင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရပါတယ်။ လူနာက နေမကောင်းတာကြောင့် လွန်ခဲ့တဲ့မတ်လက ဆေးဆရာဆီလာပြခဲ့ပါတယ်။ အပ်စိုက်ကုနေရင်း မိနစ်၂၀ အကြာမှာ အခြေအနေပိုဆိုးလာခဲ့ကာ မျက်နှာတစ်ခုလုံးပြာနှမ်းလာခဲ့ပြီး အန်ခဲ့ပါတယ်။ အရေးပေါ် ကျန်းမာရေးဝန်ထမ်းတွေ အမြန်ရောက်လာခဲ့ပေမယ့် လူနာကသေဆုံးသွားခဲ့ပါတယ်။

ဂွန်းစီခရိုင်တရားရုံးက လူနာရဲ့နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးရောဂါဖောက်တာကနေတစ်ဆင့် ရုတ်တရက်သေဆုံးရတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လိုင်စင်မရှိဘဲ ဆေးကုခဲ့တယ်လို့ ဝန်ခံခဲ့တဲ့အပြင် အပ်စိုက်ကုထုံးက လူနာသေဆုံးရခြင်းမှာ သွယ်ဝိုက်သာသက်ဆိုင်တာကြောင့် သက်ညှာတဲ့အနေနဲ့ တရားရုံးက ထောင်ဒဏ်၁၀နှစ်သာ ချမှတ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကလည်း သြစတြေးလျနိုင်ငံမှ အသက် ၇ နှစ်အရွယ် ယောကျာ်းလေးတစ်ယောက်နဲ့ ဗြိတိန်နိုင်ငံမှ အသက် ၇၁နှစ်အရွယ် အမျိုးသမီးတစ်ယောက်တို့ဟာ တရုတ်ရိုးရာရိုက်ပုတ်ကုထုံးကြောင့် သေဆုံးသွားခဲ့ပါသေးတယ်။ ရိုက်ပုတ်ကုထုံးဟာ လူနာကိုရိုက်ပုတ်ကုသရတာဖြစ်ပြီး တရုတ်နိုင်ငံမှာ နှစ်ထောင်ချီကုသလာတဲ့ ရိုးရာကုထုံးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top