Healthy Life Ad
Child

ကလေးတွေကို ဒေါက်ဖိနပ်စီးပေးတဲ့အခါ . . .

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

Q. အခုတ်ခေတ်မှာ သမီးလေးတွေကို ဒေါက်ဖိနပ်လေးတွေ စီးခိုင်းတာ တွေ့ရပါတယ်။ ကျွန်မသမီးကလည်း ဒေါက်ဖိနပ်စီးချင်တယ်လို့ ပူဆာပါတယ်။ စီးခိုင်းလို့ သင့်ပါသလား။
မယဉ်ယဉ်ထူး (FB)

A. ကလေးတွေမှာ ဒေါက်ဖိနပ်တွေ ပေးမစီးသင့်ပါဘူး။ ကလေးတွေကို အဲလောက် လှပအောင်မလုပ်ခိုင်းပါနဲ့။ မလိုလားအပ်တဲ့ပြဿ နာတွေဖြစ်တတ်ပါတယ်။ လူကြီးတွေကမသိဘဲ ကလေးတွေကိုစီးပေးနေတာတွေ တွေ့တွေ့နေပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ဒေါက်ဖိနပ်သွားစီးပေးလိုက်ရင် ခြေထောက်က ပုံပျက်သွားနိုင်ပါတယ်။

ဟိုးအရင်က တရုတ်ပြည်မှာ နန်းတော်ထဲက နန်းတွင်းသူ၊ နန်းတွင်းသားတွေက ခြေထောက်သေးတယ်၊ ယဉ်ကျေးတယ် လို့ယူဆတယ်။ ခြေထောက်ကြီးရင် တောကလူ၊ အရိုင်းလူလို့ယူဆပါတယ်။ အဲဒါကြောင့် ခြေထောက်ကိုသေးအောင် ပတ်တီးနဲ့အတင်းစီးထားပါတယ်။ Foot Banding လုပ်တယ်လို့ခေါ်ပါတယ်။ အဲဒီအခါ ခြေထောက် ဆက်မကြီးတော့ဘဲ သေးသေးလေးဖြစ်သွားပါတယ်။

ကလေးငယ်တွေးကို ငယ်ငယ်လေးအရွယ်မှာ ဖိနပ်အကျပ်တွေစီးခိုင်းထားရင် မဖွံ့ဖြိုးလာဘဲနဲ့ သေးနေတတ်ပါတယ်။ မိန်းကလေးတွေ အရိုးကြီးထွားမှုရပ်သွားမှ စီးသင့်ပါတယ်။ အရွယ်မရောက်ခင် မစီးသင့်ပါဘူး။ အလှအပလေးတစ်ခုတွက်နဲ့ ကိုယ့်ခြေထောက်ကို မသန်စွမ်းဖြစ်ပြီး ပုံစံပျက်သွားလောက်အောင်တော့ မလုပ်ပါနဲ့ လို့ပြောချင်ပါတယ်။

ခြေထောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ အောက်ခြေအပိုင်းကို ထိန်းထားရတဲ့အစိတ်အပိုင်းဖြစ်တဲ့အတွက် ဒေါက်မြင့်ဖိနပ်ကြီးကို တစ်ချိန်လုံး စီးထားတာကြောင့် ခြေထောက်အပေါ်က တခြား အင်္ဂါအစိတ်အပိုင်းတွေကလည်း သိပ်ပြီးမကောင်းနိုင်တော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top