Healthy Life Ad
Life Style

ခင်ဗျား . . . ဘာပဲလိုလို

စူး ( ဆေးဝါးတကက္ကသိုလ် )

ကျွန်တော်က ကုမ္ပဏီတစ်ခုမှာ အကြံပေးအနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်မိခင်က ကင်ဆာနောက်ဆုံးအဆင့် ခံစားနေရပါတယ်။ တစ်နေ့လုံး အလုပ်လုပ်ပြီး ညတိုင်း အမေ့ဆီရောက်ဖို့ မိုင် ၄၀ လောက်ကားမောင်းပြီး သွားခဲ့ရပါတယ်။ ပင်ပန်းပြီး စိတ်ဖိစီးမှုများတဲ့ အချိန်တွေပါပဲ။ ဒါပေမဲ့ ကျွန်တော်လုပ်ချင်လို့ လုပ်နေခဲ့ပါတယ်။

တစ်နေ့လုံး ကုမ္ပဏီမှာ အကောင်းဆုံး အကြံဉာဏ်တွေပေးနိုင်အောင် ကြိုးစားခဲ့ရတဲ့အတွက် ညနေခင်းတွေက အလွန်ပင်ပန်းနွမ်းနယ်ရတဲ့ အချိန်တွေပါ။ အဲဒီအချိန်မှာ ပင်ပန်းတဲ့ ဒဏ်မခံနိုင်လွန်းလို့ HR မန်နေဂျာကို ရင်ဖွင့်ခဲ့မိတယ်။ ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောဖို့မှာရင်းနဲ့ပေါ့ . . ။ရက်အနည်းငယ်အကြာမှာတော့ အလုပ်ရှင်က သူ့ရုံးခန်းကိုလာတွေ့ဖို့ခေါ်ပါတယ်။ အလုပ်ကိစ္စအကြောင်းပြောမယ်လို့ ထင်ခဲ့ပေမယ့် သူ့အခန်းထဲရောက်သွားချိန်မှာ ကျွန်တော့်ကို ထိုင်ခိုင်းခဲ့ပါတယ်။

သူက ကျွန်တော့် မျက်ဝန်းထဲစိုက်ကြည့်ပြီး- “ ခင်ဗျား အမေအတော်လေး နေမကောင်း ဖြစ်နေတယ်လို့ ကျွန်တော်သိရတယ်” လို့ ပြောပါတယ်။ကျွန်တော် အံ့သြပြီး မျက်ရည်ကျလာပါတယ်။ သူကကျွန်တော့်ကို ကြည့်ဖို့ငိုချင်သလောက် ငိုခွင့်ပေးခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ညင်ညင်သာသာနဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်။

ကျွန်တော် ဘယ်တော့မှ မမေ့မယ့် စကားတစ်ခွန်းပေါ့ . . .“ ခင်ဗျား ဘာပဲလိုလို . .” စကားက အဲဒီမှာပဲ ဆုံးသွားပေမယ့် သူ့နားလည်မှုနဲ့ သူ့စာနာမှုကို အခု ထိတိုင် ကျွန်တော်တန်ဖိုးထားနေတုန်းပါပဲ . .ဒီအလုပ်ကနေထွက်ပြီး တခြားအလုပ်ကို ပြောင်းဖို့စဉ်းစားတိုင်း အဲဒီစကားတစ်ခွန်းကြောင့် ကျွန်တော်ဘယ်ကိုမှ မပြောင်းဖြစ်ခဲ့ဘူးလေ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top